ဘဝမှာ အဆိုးဆုံးတချို့နဲ့ကြုံဖူးကြလိမ့်မယ်။
Break Up, Divorce ကွဲတာကစလို့၊
Crisis အကျဥ်းအကြပ်ထဲရောက်တာ၊
ရွေးချယ်စရာမရှိတော့တာ။
တချို့အရာတွေက ကိုယ်ရွေးချယ်လို့မရဘူး။
သူသတ်မှတ်ထားတဲ့ အခြေအနေတွေရှိတယ်။
ကိုယ်ရွေးချယ်လို့ရတာက
ဒါကို ဘယ်လိုတုန့်ပြန်မလဲဆိုတဲ့အပိုင်းပဲ။
ငယ်ငယ်ရှိက်စပီးယားရဲ့
စာကြောင်းလေးကိုသဘောကျတယ်။
“Nothing is good nor bad but thinking makes it so.”
ကောင်းတယ်၊ ဆိုးတယ်ဆိုတာမရှိဘူး။
ကိုယ်တွေးတဲ့ပုံစံက အကောင်း၊ အဆိုးကို
အဓိပ္ပာယ်ဖွင့်တာပဲရှိတယ်။
လူတိုင်းဘဝမှာ ပေးထားချက်တွေရှိတယ်။
မွေးတဲ့နေရာ၊ ပေါက်ဖွားလာတဲ့မိသားစု၊
ဖြစ်တည်လာတဲ့ လူမျိုး၊
လက်ခံရရှိထားတဲ့နိုင်ငံသား၊
ငယ်ဘဝဖြတ်သန်းမှု
ဒါတွေက ဘဝရဲ့ပေးထားချက်တွေပဲ။
လူတစ်ယောက်ချင်းစီရဲ့
ဒီပေးထားချက်တွေက မတူညီဘူး။
ဒါကို တခြားသူနဲ့နှိုင်းယှဥ်ပြီး
စိတ်ညစ်နေရင်တော့
ဘဝမှာ စိတ်ညစ်လို့ပြီးမှာ မဟုတ်ဘူး။
အရေးကြီးတာ ကိုယ့်ဘဝရဲ့
ပေးထားချက်ကို နားလည်ဖို့။
နောက် ကိုယ်ဘာကြောင့်မွေးဖွားလာလဲဆိုတဲ့
သမိုင်းပေးတာဝန်ကို နားလည်ဖို့။
ကျွန်တော်ကတော့ အဓိပ္ပာယ်ရှိရှိမရှိရှိ
ဘဝကို အဓိပ္ပာယ်တစ်ခုပေးလိုက်တယ်။
ဒါကို Mission လို့ခေါ်တယ်။
တခြားသူတွေအတွက် ခက်ခဲနေတဲ့အရာက
ကိုယ့်အတွက်လွယ်ကူနေတာမျိုးတွေရှိတတ်တယ်။
ကိုယ့်အတွက် ခက်ခဲနေတာမျိုးကလဲ
တခြားသူတွေအတွက် လွယ်နေတာမျိုးဖြစ်တတ်တယ်။
လူတစ်ယောက်ချင်းစီမှာပေးထားချက်မတူဘူး။
တခြားသူတစ်ယောက်ရဲ့ ပြီးသွားတဲ့ပန်းချီကားနဲ့
ကိုယ်ခုမှ ဆေးခြယ်နေတဲ့ပန်းချီကားကို
နှိုင်းယှဥ်ပြီး စိတ်ညစ်စရာမလိုဘူး။
ဗုဒ္ဓဆိုရင် သတ္တဝါတွေကို ကယ်တင်မယ်ဆိုတဲ့
သမိုင်းပေးတာဝန်အတွက်
ပါရမီဖြည့်ခဲ့တယ်။
ကိုယ့်ရဲ့ mission က ဘာလဲ။
ဒါကို အာရုံမစိုက်ပဲ ကျန်တာတွေကို
အာရုံစိုက်လွန်းနေရင်
လူတွေရဲ့အသိအမှတ်ပြုခံရမှု၊
လူတွေငါ့ကိုဘယ်လိုထင်နေမလဲ
ဒီအရာတွေမှာပဲ တစ်ဝဲလည်လည်ဖြစ်နေတတ်တယ်။
အဆိုးဆုံးတွေက အကောင်းဆုံးဖြစ်နိုင်တယ်။
ကိုယ့်ရဲ့ သမိုင်းပေးတာဝန်တွေကို
မမေ့ဖို့ အဓိကလိုတယ်။
Phyo Paing @ Derek