အဆိုးဆုံးအရာတွေက
အကောင်းဆုံးအရာတွေ ဖြစ်နိုင်တယ်။
1665-1666 ပလိပ်ရောဂါဖြစ်တော့
အိမ်တွင်းမဖြစ်မနေအောင်းရတယ်။
နယူတန်ရဲ့ သိပ္ပံတွေ့ရှိချက်တွေဖြစ်တဲ့
ကဲကုလတ်နဲ့ ကမ္ဘာ့စွဲငင်အားဟာ
အဲ့နှစ်အတွင်းမှာ ဖြစ်လာခဲ့တယ်။
1929 နှောင်းပိုင်းမှာ
ကမ္ဘာ့စီးပွါးရေးပျက်ကပ်ဖြစ်တယ်။
ရှင်သန်ဖို့အတွက် နည်းလမ်းရှာရင်း
တီထွင်ဆန်းသစ်မှုသစ်တွေနဲ့
ဒစ်စနီ နဲ့ HP ကုမ္ပဏီဖြစ်လာတယ်။
1965 မှာ မလေးကနေ
စလုံးကို ဖယ်ထုတ်လိုက်တယ်။
သောက်သုံးရေရှားပါး၊
ရှင်သန်ဖို့ခက်ခဲနေတဲ့ ကျွန်းနိုင်ငံကနေ
ကိုယ်တိုင်ရပ်တည်လို့ရတဲ့ နိုင်ငံဖြစ်လာတယ်။
တခါတလေ အဆိုးဆုံးတွေကလဲ
အကောင်းဆုံးဖြစ်နိုင်တယ်လို့
စိတ်ညစ်မယ်ကြံတိုင်း စဉ်းစားမိတယ်။
Phyo Paing @ Derek