စိတ်ဒဏ်ရာတွေ
မကုစားနိုင်တဲ့ လူကလဲ
ဒရာမာကနေ ဒရာမာတွေဖြစ်နေမှာပဲ။
Trauma က Drama ဖြစ်တာကို
ကုစားဖို့ ပထမဆုံးအချက်က
အဲ့ဒီ ဒဏ်ရာရှိတာသိဖို့။
ဒုတိယအချက်က
ကိုယ့်ဒဏ်ရာအတွက်
သားကောင်နေရာ ခံရသူနေရာကနေ
တာဝန်ယူတဲ့သူနေရာပြောင်းဖို့။
Victim to Victor
ခံရသူက အောင်နိုင်သူဖြစ်ဖို့
ကိုယ့်ဘဝကိုယ် တာဝန်ယူဖို့လိုလာတယ်။
တခါတလေ ဘာကြောင့်
မကောင်းတာတွေ လုပ်တဲ့သူတွေက
မကောင်းတာ မဖြစ်သလဲ။
ကိုယ်လဲ မကောင်းတာလုပ်လိုက်တော့မယ်
လိုက်မလုပ်ရင်တော့ တခါတလေ
လောကကို အရွဲ့တိုက်
စဥ်းစားမိတာမျိုး ဖြစ်တတ်တယ်။
ဒါကြောင့် ဗုဒ္ဓက
ကံ ကံ၏အကျိုး လို့ဆိုခဲ့တယ်။
အစ္စလာမ်ဘာသာမှာဆိုလဲ
ဘုရားသခင်က ကိုယ့်ကို
စမ်းသပ်တယ်။
Judgement day မှာ အကုန်ရှင်းမယ်လို့
အသိမိတ်ဆွေတွေပြောတာအရသိရတယ်။
လူတိုင်းက ငယ်ဘဝက
ဒဏ်ရာတွေ ရှိတယ်။
နည်းတာနဲ့ များတာပဲကွာမယ်။
ဒါကို သိဖို့နဲ့ တာဝန်ယူဖို့က
လွယ်မလိုလိုနဲ့ ခက်တယ်။
ခက်တာကိုကျော်ပြီးရင်
ဘဝက လွယ်ကူလာနိုင်မယ်။
Phyo Paing @ Derek