အရင်ကတစ်ခုခုလုပ်လို့ မအောင်မြင်ရင်
ဒါကံပဲ။ ငါအရင်က ဘာတွေလုပ်ထားခဲ့လဲမသိဘူး။
ငါကံကိုက မပါဘူး။
အစရှိတဲ့ အတွေးတွေ ဝင်ဝင်လာခဲ့တယ်။
ပါရမီနည်းပါးတယ်တို့ဘာတို့ပေါ့။
နောက်ပိုင်းမှာ
ဒါတစ်ခုခုပိုကောင်းဖို့ဖြစ်တာပါကွာ။
ငါဘယ်အရာတွေကို ပိုကောင်းအောင်လုပ်လို့ရလဲ။
အရှုံးဆိုတာ မရှိဘူး၊ ရလဒ်တွေပဲရှိတယ်။
လုပ်ရပ်ကို ပြောင်းဖို့လိုမယ်။
ဒီလိုတွေးလိုက်တယ်။
ပါရမီကံမပါလို့ အလုပ်မဖြစ်ဘူးဆိုတာမျိုးထက်
ဟုတ်ပြီ ပါရမီကံဖြစ်အောင် ဘယ်လိုလုပ်မလဲ။
ဒီအတိုင်း စဥ်းစားမိလာခဲ့တယ်။
အယူအဆတစ်ခုကို အဓိပ္ပာယ်ဖွင့်ဆိုတာ
တလွဲမဖြစ်သွားဖို့ အရေးကြီးတယ်ဆိုတာ
ဆင်ခြင်လာမိတယ်။
နောက်ပိုင်း အရာရာကို မေးခွန်းထုတ်လာဖြစ်တယ်။
ကိုယ့်ရဲ့ အတွေးအခေါ်၊ ယုံကြည်မှုပါ ပါဝင်တယ်။
ကျွန်တော်တို့အများဆုံး နေတဲ့အိမ်က
အတွေးထဲမှာ ဖြစ်တယ်။
ကျွန်တော်တို့ အတွေးအကြံတွေဟာ
ကျွန်တော်တို့ ဖတ်တဲ့စာ၊ ပေါင်းသင်းတဲ့သူ၊
လေးစားအားကျ follow လုပ်ထားတဲ့သူ
တွေအပေါ်အများကြီး မူတည်ပါတယ်။
အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။
ကောင်းမွန်တဲ့အတွေးတွေ ခေါင်းထဲထည့်ဖို့လိုတယ်။
Phyo Paing @ Derek