Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အတွေးမရှင်းရင်
ဘဝက တိုင်ပတ်တယ်

အားတီ အားမေတို့အတွက်
ကိုယ့်ကိုကိုယ် မေးဖြစ်တဲ့ မေးခွန်းတွေ

အတွေးမရှင်းရင်
ဘဝက တိုင်ပတ်တယ်။
အတွေးရှင်းဖို့ ကိုယ့်ကိုကိုယ်
သေချာ သိဖို့လိုတယ်။

ကိုယ့်ကိုကိုယ် သေချာနားမလည်ရင်
တိုင်ပတ်မှုအပေါင်း သရဖူဆောင်းရတတ်တယ်။

ကိုယ်ဘယ်လိုတွေးလဲ?
ဘာတွေ ယုံကြည်လဲ?
ဘာဖြစ်ချင်လဲ?
ဘယ်လိုအချိန်မှာ ဘယ်လိုဖြစ်တတ်လဲ?
ကိုယ့်အားသာချက်က ဘာလဲ?
အားနည်းချက်က ဘာလဲ?
ဘာကို ကြိုက်သလဲ?
ဘာကို မကြိုက်ဘူးလဲ?
နေချင်တဲ့ဘဝမျိုးကဘာလဲ
တကယ်ကော အဲ့ပုံစံနေချင်တာလား?
အပြောင်းအလဲကော ရှိနိုင်လား။

ကိုယ့်လိုချင်တာရဖို့
ကိုယ့် winning formula က ဘာလဲ။
ကိုယ်ဘယ်အချိန်တွေကျရင်
သောက်တလွဲတွေ လုပ်ဖြစ်လဲ။

ဘယ်အချိန်စိတ်ညစ်သလဲ။
ဘယ်အချိန် တက်ကြွသလဲ။
ဘယ်အချိန်မှာ တုံးတိုက်တိုက်
ကျားကိုက်ကိုက် လုပ်ပြီး
ဘယ်အချိန်မှာ လက်လျော့တတ်သလဲ။

ဘယ်လိုလူတွေကို အပေါင်းအသင်း
မလုပ်ဘူးလဲ။
ဘယ်လိုလူတွေနဲ့ အပေါင်းအသင်း
လုပ်သင့်သလဲ။

ကိုယ်က အခု ဘယ်လိုလူမျိုးလဲ
အနာဂတ်မှာ ဘယ်လိုလူမျိုးဖြစ်ချင်သလဲ။

ကိုယ့်ဘဝမှာ အရေးအကြီးဆုံးကဘာလဲ။
အရေးမကြီးတာတွေကဘာလဲ။
ဘာကို ယုံကြည်ခဲ့သလဲ။
အဲ့အတွက် ဘာရလဒ်တွေ ရခဲ့သလဲ။
ဘာကို မယုံကြည်ဘူးလဲ။​

အခုကော ဘယ်လိုယုံကြည်မှုမျိုးရှိထားလဲ။
ဒီယုံကြည်မှုက အနာဂတ်သွားချင်တဲ့လမ်းကြောင်းကို
အထောက် အကူပြုလား။​
မပြုရင်ကော ပြင်ဖို့လိုမလား။

ကိုယ့်ဘဝကို နောက်တစ်ဆင့်
ရောက်အောင် ကူညီပေးခဲ့တဲ့
လူတွေက ဘယ်လိုလူတွေလဲ။
သူတို့ကို ဘယ်လိုတွေ့ခဲ့လဲ။
ဘယ်အချက်တွေကြောင့်
ကိုယ်အပြောင်းအလဲဖြစ်ခဲ့သလဲ။
သူတို့မှာ တူညီတဲ့အချက်တွေဘာတွေရှိသလဲ။
ဒီက ဘာတွေ တွေးမိသလဲ။

ကိုယ့်ဘဝကို ဘူစေခဲ့တဲ့သူတွေကကော
ဘယ်လို လူတွေလဲ။
သူတို့ကို ဘယ်လိုတွေ့ခဲ့သလဲ။
သူတို့မှာ တူညီတဲ့အချက်ရှိလား။
သူတို့ကို ဘယ်လိုတွေ့ခဲ့သလဲ။
သူတို့က အရင်ဆက်သွယ်သလား။
ကိုယ်က အရင်သွားဆက်သွယ်သလား။
ဘယ်သူမိတ်ဆက်ပေးလို့လဲ။
ဒီအတွက် ဘာသင်ခန်းစာရခဲ့သလဲ။

ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ချတဲ့ပုံစံက
ဘယ်လိုရှိသလဲ။
မြန်မြန်ချတတ်တဲ့သဘောတရားလား။
သေချာအချိန်ယူပြီးဆုံးဖြတ်သလား။
ဘယ်အချိန်တွေမှာ ဆုံးဖြတ်ချက်
ကောင်းတွေချတတ်သလဲ။
ဘယ်အချိန်ဆို သောက်တလွဲတွေ
ဖြစ်ဖြစ်သွားသလဲ။
ဆုံးဖြတ်ချက်တစ်ခုချတော့မယ်ဆို
လက်ကိုင်ထားတဲ့ စည်းမျဥ်းတွေ
ထားထားလား။

ကိုယ့်ရဲ့ superpower ကဘာလဲ။
ဒီ superpower ကို တိုးတက်အောင်
လုပ်နေသလား​။

ဘဝကို ဘယ်လို ပုံစံနေပြီး
ဘယ်လို ပုံစံမနေချင်ဘူးလဲ။

ကိုယ့်ဘဝမှာ ဂုဏ်အယူဆုံး
အရာတွေက ဘာတွေလဲ။
အနာဂတ်မှာ ဂုဏ်ယူချင်တဲ့
အရာတွေက ဘာတွေလဲ။​

ကိုယ့်ကိုကိုယ် ပြန်မေးဖြစ်တဲ့
မေးခွန်းတွေ။​

Phyo Paing @ Derek

Share Your Idea!​