လူဖြစ်ရတာ လွယ်တော့မလွယ်ဘူး။
ကိုယ့်ခေါင်းထဲမှာ ပုံရိပ်တွေ
တစ်ခုပြီးတစ်ခုပေါ်နေတယ်။
နားထဲတစ်ခုပြီးတစ်ခုကြားနေတယ်။
ကိုယ့်ကိုကိုယ် စကားပြောနေတတ်တယ်။
ဒီပုံတွေ၊ အသံတွေက ကောင်းရင်
ကိုယ့်ဘဝကလဲ ကောင်းသွားတယ်။
ဒီပုံတွေ၊ အသံတွေက ဘေးဖြစ်စေခဲ့မယ်ဆိုရင်
ကိုယ့်ဘဝလဲ တိုင်ပတ်သွားမယ်။
ခေါင်းထဲထည့်တဲ့ အတွေးအခေါ်တွေ
တော်တော် အရေးကြီးတယ်။
အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။
Phyo Paing @ Derek