Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

ဘယ်လောက်တော်တဲ့သူပဲဖြစ်ဖြစ်
ပိရမစ်ကို တစ်ယောက်တည်းတည်ဆောက်လို့မရဘူး။
မဟာတံတိုင်းကို တစ်ယောက်တည်း
တည်ဆောက်လို့မရဘူး။
ဘယ်ကြီးကျယ်တဲ့အရာမှ
တစ်ယောက်တည်းလုပ်လို့မလွယ်ဘူး။
စီရိုနာဒို ဘယ်လောက်တော်တော်
တစ်ယောက်တည်း တစ်သင်းလုပ်လို့မရနိုင်ဘူး။
Leverage ကုတ်အား ကန်အားလိုတယ်။
ဒါကြောင့် တချို့ ကျောင်းတုန်းက အဆင့်တစ်ရပြီး
မွဲနေတာ လူတွေကို မခိုင်းတတ်လို့။

Leverage ယူ အသုံးချလို့ရတဲ့အရာတွေမှာ
၁။ လူတွေရဲ့ အချိန်၊ ကျွမ်းကျင်မှု
၂။ ငွေ
၃။ နည်းပညာ
၄။ နည်းစနစ် အစရှိတာတွေပါတယ်။

ဒါတွေကို ခိုင်းစေဖို့
စီမံခန့်ခွဲမှုကို သေချာတတ်ဖို့လိုတယ်။

ကျွန်တော် လူတွေကို စီမံခန့်ခွဲမှု
လုပ်ရတာကို အသေမုန်းတယ်။
စိတ်လုံးဝ ရှည်လေ့မရှိခဲ့ဘူး။
ကိုယ်သွားတဲ့ နှုန်းကိုမလိုက်နိုင်ဘူးဆိုပြီး
ခဏခဏစဉ်းစားခဲ့ဖူးတယ်။

နောက်ပိုင်းပြန်စဉ်းစားကြည့်တယ်။
နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ဘူး။
Leverage ကို အသုံးချဖို့
လူတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ
ဘယ်လိုဦးဆောင်ပြီး အကောင်ထည်ဖော်ချင်တာတွေကို
ဖြစ်အောင်လုပ်မလဲ သိဖို့လိုတယ်။

ဒါနဲ့ စီးပွါးစီမံကို လေ့လာခဲ့မိတယ်။
၂၀၁၃ ကစလို့ Marketing Management
မားကတ်တင်းစီမံခန့်ခွဲမှုကို
Business School တစ်ခုမှာ သင်ရင်းနဲ့ပေါ့။

အတွေးအခေါ် ဘေးချော်ရင်
အရေးပေါ်ပြင်ဖို့လိုတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​