လူတစ်ယောက်က တစ်ရက်ကို
အတွေးပေါင်း ၅၀၀၀၀ ကနေ ၇၀၀၀၀ ကြား
နေ့စဥ်တွေးနေကြလို့ဆိုတယ်။
အဲ့ထဲမှာ ၉၀% က မနေ့ကအတွေးတွေပဲ။
ဘယ်အရာတွေက ဒီအတွေးတွေကို
လွမ်းမိုးနေလဲ?
၁။ ယုံကြည်မှု
၂။ တန်ဖိုးထားမှု
၃။ ဘဝဖြတ်သန်းမှုဖြစ်စဥ်မှ မှတ်ဥာဏ်
၄။ ဆုံးဖြတ်ချက်ချတဲ့ပုံစံ (metaprograms)
၅။ ဘဝမှာထားရှိတဲ့ ဥပဒေသ
၆။ ကိုယ့်ကိုယ်ကို ပြောနေတဲ့ဘာသာစကား
၇။ အထင်အမြင်
ဒီအချက်တွေကို သိရှိပြီး
အပြောင်းအလဲလုပ်နိုင်ရင်
လူတွေ မမှတ်မိလောက်အောင်
တိုးတက်ပြောင်းလဲ နိုင်တယ်။
ဘာကြောင့်လဲဆိုတော့
စိတ်သာရှင်စောဘုရားဟောဆိုတဲ့
မြန်မာဆိုရိုးရှိသလို
စိတ္တေန နီယတိ လောကဆိုပြီး
စိတ်သည်လောကကို ဦးဆောင်၏ဆိုပြီး
ကြားဖူးပါလိမ့်မယ်။
ဗုဒ္ဓက စိတ်သည် အဖြူထည်
စိတ်ကို စေတသိက်တွေလွမ်းမိုးတယ်။
ဒီ စေတသိက် mental factors
၅၂ ပါးသည် စိတ်ကိုခြယ်လှယ်နေတယ်။
ဒီစေတသိတ် ၅၂ ပါးဟာ
စိတ်ကိုလွမ်းမိုးပြီး
အတွေး၊ ခံစားချက်၊ အကြံ၊ အလုပ်တွေကို
လွမ်းမိုးနေတယ်။
ဒါကြောင့် လောကီမှာ ကိုယ့်ကိုယ်ကို
အကောင်းဆုံးဖန်တီးဖို့အတွက်
ဒီ စေတသိတ်တွေကို hacking လုပ်ဖို့လိုတယ်။
ဒီလို လုပ်ဖို့အတွက်
ယုံကြည်မှု (thoughts behind thoughts)၊
တန်ဖိုးထားမှု၊
အထင်အမြင်၊
ကိုယ့်ကိုယ်ကိုပြောနေတဲ့စကားတွေကို
ပြန်လည်ဆန်းစစ်ပြီး
ပြင်သင့်ရင် ပြင်ဖို့လိုတယ်။
Phyo Paing @ Derek