Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အထာကျကျဖြတ်သန်းနိုင်တဲ့ flow လိုတယ်။

အိမ်မက်တွေအကောင်အထည်ပေါ်မှ
မပျော်နဲ့။
အိမ်မက်တွေဖြစ်လာမှ
မငြိမ်းချမ်းနဲ့။
ပျက်နေတာတွေ အကုန်ပြင်ပြီးမှ
စိတ်အေးချမ်းမယ်လို့မစဉ်းစားနဲ့။

နေ့စဉ် အသက်ရှင်နေတာ
အံ့ဖွယ်တစ်ခုလို့စဉ်းစားကြည့်။
ဆရာတော် Thich Nhat Hanh ပြောသလို
ရေပေါ်မှာလမ်းလျှောက်မှမဟုတ်ဘူး
မြေပေါ်မှာ လမ်းလျှောက်နေနိုင်တာကလဲ
အံ့ဖွယ် miracle တစ်ခုပဲ။

ဘဝမှာ ကိုယ့်နှလုံးသားထဲကအသံနဲ့လူရဲ့
အတွေး၊ အကြံ၊ အလုပ်တွေ
တစ်သားတည်းကျပြီး
အထာကျကျဖြတ်သန်းနိုင်တဲ့ flow လိုတယ်။

ဒါမှ အသက်ရှင်ပြီး အသက်ဝင်နေမှာ။

Phyo Paing @ Derek

Share Your Idea!​