တချို့လူတွေက အထီးကျန်တတ်တယ်။
ညနေရောက်ရင် ဘာလိုနေမှန်းကိုမသိဘူး။
ငါဘာကြောင့် အလုပ်လုပ်နေမှန်းမသိဘူး
အဲ့လို အတွေးမျိုးတွေ ဝင်တတ်တယ်။
ဒီအထီးကျန်မှုက တလွဲတွေကို
ဖြစ်စေတတ်လို့ သတိထားရတယ်။
မထိန်းတတ်ရင် စိတ်ကျရောဂါဖြစ်တတ်တယ်။
ဒါကို ကျော်လွှားဖို့ အိမ်ထောင်ပြုမယ်ဆို
ငါးပါးမှောက်ပြီသာမှတ်။
သမီးရည်းစားထားလို့ အစပိုင်းမှာ
အဲ့အထီးကျန်တာက ပျောက်ကောင်း
ပျောက်သွားနိုင်ပေမယ့်
အခြေအနေတစ်ခုရောက်တဲ့အခါ
ဒီအထီးကျန်ခြင်းက ပြန်ဖြစ်နိုင်တယ်။
အထူးသဖြင့် ရစ်တာ၊ ရန်ဖြစ်ပြီး
ဘူပိတ်တာနဲ့ အထီးကျန်တာနဲ့ယှဥ်ရင်
ဒုတိယ တစ်ခုကိုပဲ ရွေးလိုက်ကြတာများတယ်။
အထီးကျန်တာကို ကုစားဖို့
အကောင်းဆုံးနည်းလမ်းကတော့
ကိုယ့်ဘဝရဲ့ purpose ရည်ရွယ်ချက်ကို
ရှာဖွေပြီး အဲ့အလုပ်ကို
ဂိမ်းကစားသလို ပိုးစိုးပက်စက်လုပ်တာပဲဖြစ်တယ်။
Phyo Paing @ Derek