ဆင်းရဲမှုအရသာကို မသိပဲ
ချမ်းသာမှုအရသာအပြည့်ကို
ခံစားနိုင်ဖို့ မလွယ်ဘူး။
လှောင်အိမ်ထဲ မရောက်ဖူးရင်
လွတ်လပ်မှုအရသာစစ်စစ်ကို
ခံစားနိုင်ဖို့လဲ မလွယ်ဘူး။
အထီးမကျန်ဖူးရင်
မေတ္တာရဲ့နွေးထွေးမှုအရသာစစ်စစ်ကို
သိနိုင်ဖို့မလွယ်ဘူး။
ဆေးရုံမှာ အောက်စီဂျင်အတွက်
အသက်မငင်ဖူးရင်
ရှူနေတဲ့လေရဲ့ တန်ဖိုးကို
သေချာသိဖို့ မလွယ်ဘူး။
ကျွန်တော်တို့ ရှူနေတဲ့လေ
အသက်ရှင်ဖြစ်တည်မှုတွေဟာ
တန်ဖိုးရှိတယ်ဆိုတာ မေ့နေတတ်တယ်။
Phyo Paing @ Derek