ဒီလိုကြုံဖူးလားမသိဘူး။
လူတစ်ယောက်အကြောင်းစဉ်းစားနေတုန်း
သူ့ဆီက မက်ဆေ့ပို့လာတာမျိုး။
တစ်ယောက်ယောက်ကို တွေးနေတုန်း
သူနဲ့လမ်းမှာ ဆုံတာမျိုး။
ဒါကို စိတ်ပညာရှင်ကြီး
Carl Jung က synchronicity
အဓိပ္ပာယ်ရှိတဲ့ တိုက်ဆိုက်မှုများလို့
နာမည်ပေးခဲ့တယ်။
ဒါဖြစ်တော့မလားမသိဘူးဆိုတဲ့အချိန်
ဖြစ်သွားတာမျိုး။
လူတချို့ ဘဝမှာ မကြာမကြာ
ကြုံဖူးတတ်ကြတယ်။
အထူးသဖြင့် intuitive ဖြစ်တဲ့သူတွေမှာ
ဒီလိုအဖြစ်အပျက်ပိုတွေ့တတ်တယ်လို့ဆိုတယ်။
ဒါကို တချို့က cognitive bias
စဉ်းစားမှုဆိုင်ရာဘက်လိုက်မှုလို့ဆိုသလို၊
တချို့က ရာခိုင်နှုန်းအရကြည့်ရင်
ဖြစ်နိုင်ခြေရှိတဲ့အရာတစ်ခုလို့ဆိုပြီး၊
Carl Jung ကတော့
Collective unconsciousness ကြောင့်လို့ဆိုတယ်။
ဘဝမှာ အဲ့လို ကြုံဖူးသလား။
Phyo Paing @ Derek