Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အနာဂတ်ကို ပြောင်းချင်ရင်
အတိတ်ကိုမှတ်ထားတဲ့ မှတ်ဥာဏ်ကိုပြောင်းဖို့ လိုတယ်။

အတိတ်ကို မှတ်မိနေတဲ့မှတ်ဥာဏ်ထဲမှာ
memorized emotion က အရေးအကြီးဆုံးပဲ။

တချို့တွေ ည ၆ နာရီဆို အလိုလို
အထီးကျန်လာတာ။
April ရောက်ရင် အလိုလိုပျော်လာတာ။
ကိုယ်မကြိုက်တဲ့အရာတစ်ခုလုပ်လိုက်မိိရင်
စိတ်ကသိကအောင့်ဖြစ်ပြီး
လုပ်နေကျ အပြုအမူကို ပြန်လုပ်မိတာ။
ဒါတွေက memorized emotion တွေကနေလာတယ်။

ငယ်ဘဝက စိတ်ဒဏ်ရာ Childhood trauma
ဆိုတာကလဲ ဒီ memorized emotion ကို
မဖျောက်နိုင်လို့။

ဒီ memorized emotion မဖျောက်နိုင်ရင်
နေ့စဥ် ဘဝမှာ ခံစားနေကျ ခံစားမှု
habitual emotion တွေဖြစ်လာတတ်တယ်။

ဒါကြောင့် ချမ်းသာပြီးမပျော်တာ၊
ရည်းစားရှိပြီး အထီးကျန်နေတာ၊
ပျော်ရွင်တဲ့ မိသားစုရှိပြီး
ကြိတ်ပြီး စိတ်ဓာတ်ကျနေတတ်တာ။
ဒါတွေကို ဒီ memorized emotion တွေကြောင့်။

ဒီ emotion တွေကို ဖျောက်ဖို့
နည်းလမ်းတွေရှိတယ်။
နည်းနည်းအချိန်ပေးနိုင်ရင်
တရားထိုင်တဲ့ နည်း meditation ကကောင်းတယ်။
ကိုယ့်ခန္ဓာကိုယ်က အစွဲတွေကို
တတိယလူအနေနဲ့ ပြန်ရှုမြင်တဲ့ observation လုပ်တာ။

နောက်တစ်နည်းကတော့
ဦးနှောက်သုံးပြီး ဖြေရှင်းတာ။
ဒါကတော့ ဘေးက အကူအညီလိုတယ်။
စိတ်ပညာကျွမ်းကျင်သူတွေက
ဒီ စိတ်ခံစားမှုရှိကြောင်း awareness ဖြစ်အောင်
မေးခွန်းတွေ မေးရှာဖွေပေးတာ၊
repeated ဖြစ်နေတဲ့ pattern တွေ ထုတ်ပေးတာ၊
ဒါတွေကို သိရင် ဖြေရှင်းလို့ရတဲ့
နည်းလမ်းတွေ ပေးတာ။

လူတွေက ဒီ memorized emotion တွေကို
သေချာ program မလုပ်နိုင်ရင်
တိုင်ပတ်မှု အပေါင်းသရဖူဆောင်းသွားနိုင်သလို
အချိန်အများစု ဘဝက သာယာနေနိုင်တယ်။

တချို့တွေ ပိုက်ဆံတွေ ကျိကျိတတ်ချမ်းသာပေမယ့်
အနာဂတ်ကို တွေးကြောက်ပူပန်နေတတ်တာ
တွေ့ဖူးမှာဖြစ်သလို
တချို့က တပည့်မရှား၊ တပြားမရှိလဲ
ဘဝကို ဒေါင်ကျကျ ပြားကျကျ
နေသားကျကျက ဖြတ်သန်းနေတာလဲ
တွေ့ဖူးလိမ့်မယ်။

Phyo Paing @ Derek

Share Your Idea!​