ဘဝဆိုတာ ခက်ခဲတယ်။
အနာဂတ်မှာ ဖြစ်နိုင်တဲ့
ပြဿနာတွေအတွက်
ကြိုတင်အဖြေမရှာထားနိုင်ရင်
ပိုလို့တောင်ခက်ခဲသေးတယ်။
သားသမီးရဲ့အနာဂတ်စဉ်းစားတဲ့
မိဘတွေက
သူတို့သားသမီးတွေရဲ့
အနာဂတ်ကို ကြိုတင်စဉ်းစားထားကြတယ်။
ငွေကြေးအရတိုင်မပတ်တဲ့သူတွေကလဲ
အနာဂတ်ငွေကြေးပြဿနာတွေကို
ကြိုတင်တွက်ချက် အဖြေရှာထားကြတယ်။
ဒီနေ့ပြဿနာကိုတောင်
ဖြေရှင်းဖို့မကြိုးစားတဲ့သူ၊
ဖြေရှင်းဖို့မကြိုးစားနိုင်တဲ့သူရှိမယ်။
ဒီနေ့ပြဿနာပဲ ဖြေရှင်းတဲ့သူရှိတယ်။
အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာတဲ့သူတွေရှိတယ်။
လူ့ဘဝဆိုတာ ထင်သလောက်မလွယ်ဘူး။
အကောင်းကြီးပဲ မြင်နေလို့မရသလို၊
အဆိုးကြီးပဲမြင်နေလို့မရဘူး။
အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။
Phyo Paing @ Derek