ကျောင်းတက်တုန်းက သုံးစရာလိုတော့
ဂိုက်သင်၊ တရုတ်ကပစ္စည်းသွင်း၊
မန္တလေးက ကြက်ဥတိုက်ကနေ
ဖားကန့်မုန့်တိုက်ပို့
ဒီလိုလုပ်ရင်းကျောင်းတက်ခဲ့တာပဲ။
ကျောင်းပြီးတော့လဲ လိုင်းပြောင်းတော့
အခက်အခဲကြုံရတာပဲ။
ပညာရပ်အသစ်ကို လေ့လာရတာရယ်
စကားပြောရမှာ ရှက်တတ်တဲ့ အကျင့်ကိုပြင်ပြီး
စီးပွါးရေးသင်ကြားရေးဆရာနဲ့
အကြံပေးဖြစ်လာဖို့ရယ်။
ကြားထဲစမ်းသပ်မှုတွေ leverage အကြီးကြီးလုပ်
ဘဝပျက်မတတ် ညညအိပ်မရပဲ
တိုင်ပတ်တာကို ဖြေရှင်းခဲ့တာတွေဟာ
ဘဝကို အကြီးအကျယ် အပြောင်းအလဲဖြစ်စေခဲ့တယ်။
Industry တိုးတက်တော့
Competition တွေများတဲ့အချိန်
မတူအောင် စဉ်းစားပြီးရှေ့ဆက်တယ်။
ဓာတ်ပုံတွေပြန်ကြည့်ရင်
ဘယ်လိုလျှောက်ခဲ့တယ်ဆိုတာတွေ့လိမ့်မယ်။
Covid-19 ဖြစ်တယ်။
Digital အသုံးပြုပြီး ရှေ့ဆက်ခဲ့တယ်။
Business အသွားအလာပြောင်းသွားတယ်။
Business growth က အရင်ထက်
သုံးဆလောက်ပိုဖြစ်လာတယ်။
Coup ဖြစ်တယ်။
Internet လိုင်းပိတ်လိုက်တယ်။
Business ထဲက ငွေထုတ်မရဘူး။
ဗုံးတွေပေါက်တယ်။
Facebook ကို ban သလို
Dollar စျေးတွေတက်လာတယ်။
ပြဿနာနဲ့လူ
ဘယ်သူပိုကြီးနိုင်မှာလဲ။
စိန်ခေါ်မှုတိုင်းက နောက်တစ်ဆင့်ပို့ပေးတာပဲ။
အနာဂတ်မှာ ဖြစ်မည့်သင်က
ဒီနေ့သင်ထက် အရေးပိုကြီးတာပဲ။
Phyo Paing @ Derek