အရင်ခေတ် ဘီလီယံဒေါ်လာကုမ္ပဏီလုပ်ဖို့
လူအယောက် တစ်သောင်းကျော်လောက်လိုတယ်။
နောက် နည်းပညာပေါ်လာတော့
တစ်ထောင်လောက်ပဲလိုတော့တယ်။
အင်တာနက်ခေတ်မှာ
Instagram ဆို လူ ၁၃ ယောက်လောက်နဲ့
တစ်ဘီလီယံတန်ဖြစ်သွားတယ်။
ဒါက Exponential Transformation ဆိုတဲ့
စာအုပ်က။
အနာဂတ်ရဲ့ ဘီလီယံဒေါ်လာကုမ္ပဏီက
လူသုံးယောက်လောက်နဲ့ ဖြစ်သွားမယ်တဲ့။
တစ်ယောက်က CEO (Chief Executive Officer)
နောက်တစ်ယောက်က CAO (Chief AI Officer)
နောက် COO (Chief Operating Officer)
ကျန်တဲ့ အသေးစိတ်လုပ်ဆောင်တာ
AI ကိုခိုင်းလို့ရတဲ့အဆင့်ဖြစ်လာမယ်။
ဒါကို ExO (Exponential Organizations) လို့ခေါ်တယ်။
တရုတ်မှာ 2018 က
လေးရက်ကို တစ်ဘီလီတန်ကုမ္ပဏီတစ်ခုပေါ်နေတာ။
ဒါကိုတော့ unicorn လို့ခေါ်တယ်။
အခုတောင် email ရေးတာ၊
JD ရေးတာ AI ပဲရေးခိုင်းလာကြတော့
ဖြစ်နိုင်တယ်။
အဘိုးအဖေခေတ်က နှစ်တစ်ရာလောက်လုပ်ခဲ့တာ
ကိုယ့်အလှည့်မှာ တစ်လနဲ့လဲ ဖြစ်လာနိုင်တယ်။
နည်းပညာစွမ်းပကားကိုအသုံးချနိုင်ဖို့လိုတယ်။
Guerrilla Marketing Coach – Myanmar က
harness the power of technology ဆိုတဲ့အတိုင်း
နည်းပညာကိုတော့ ပိုစိုးပက်စက်အသုံးချရမယ်။
Phyo Paing @ Derek