Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အနာဂတ်အတွက်၊ ဒီနေ့အတွက်
ရှင်သန်မှုအတွက် သင်ယူမှု
အမြဲလိုနေမှာ

စဥ်းစားကြည့်
ကိုယ်တတ်ထားတဲ့ အသိပညာ၊
အတတ်ပညာကို လူတွေနားလည်အောင်
သင်ပေးနိုင်မယ်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲ။

သင်ကြားမှုဆိုတာ ချဲ့ထွင်လို့ရတဲ့
အတတ်ပညာ၊​ ကျွမ်းကျင်မှု၊
လုပ်ငန်းတစ်ခုဖြစ်တယ်။

တချိန်ထဲမှာ လူအများကြီးကို
အပြင်မှာ၊ နည်းပညာအသုံးပြုပြီး
သင်ပေးလို့ရတဲ့အတွက်
ကိုယ့်အချိန်ကို အကောင်းဆုံး
အသုံးချတဲ့ leverage လုပ်နိုင်တဲ့
အရာတစ်ခုဖြစ်တယ်။

လူတစ်ယောက်အတွက်
သင်ကြားမှု၊ သင်ယူမှု စကေးက
အရမ်းအရေးကြီးတယ်။​

ဘယ်လောက်မြန်မြန်သင်ယူနိုင်သလဲ၊
ကိုယ်တတ်ထားတာကို
တခြားသူတွေ နားလည်အသုံးပြုနိုင်အောင်
ပြန်သင်ပေးနိုင်တဲ့ ကျွမ်းကျင်မှုဟာ
အနာဂတ်မှာ ပိုတောင်အရေးပါလာမှာ။

ကမ္ဘာပေါ်မှာ Millionaire မီလီယံနာ ဆရာတွေ၊
infopreneurs တွေ အများကြီးပေါ်လာပြီ။
ဒါက ဒီဂျစ်တယ်နည်းပညာကြောင့်ဖြစ်တယ်။

သင်ကြားမှုမှာ
အပြင်မှာ လူအုပ်ကို သင်ပေးရတာနဲ့၊
အင်တာနက်က တိုက်ရိုက်သင်ပေးရတာရှိသလို၊
Video ရိုက်ထားပြီး ကိုယ်တိုင်လေ့လာလို့ရတာရှိတယ်။

သင်ကြားမှုပုံစံမတူရင်
သင်ကြားရမည့် စနစ်မတူဘူး။​

Online Course တွေလို video ရိုက်၊
Note ထုတ်ထားတဲ့ သင်ကြားမှုမျိုးအတွက်
Instructional Design ဆိုတာ သိထားဖို့လိုတယ်။

Online Course ဖန်တီးတဲ့သူက
Information တွေကို စုစည်းပြီး
ဘာပြီးဘာလုပ်ဆိုတဲ့ Instruction ပုံစံ
ဖန်တီးပြီး လေ့လာသူ အပြောင်းအလဲဖြစ်ဖို့
Transformation အတွက် လုပ်ဆောင်တာဖြစ်တယ်။

Online Course အွန်လိုင်းသင်တန်းဆိုတာ
လေ့လာသူရဲ့ ပြဿနာကိုဖြေရှင်းဖို့ဖြစ်တယ်။
ဥပမာ ကိတ်မုန်ဖုတ်နည်းသင်တန်း၊
အသည်းကွဲတာပျောက်ဖို့ သင်တန်း၊
လူရှေ့သူရှေ့ဟောပြောနည်းသင်တန်း၊
ဖေ့ဘုတ်မှာ ကြော်ငြာနည်းသင်တန်း။

သင်တန်းတိုင်က ပြဿနာတစ်ခုကိုဖြေရှင်းတာဖြစ်တယ်။

ဒါကြောင့် သင်တန်းသင်မည့်သူက
အရင်ဆုံးကိုယ်သင်မည့်သင်တန်း
အဓိကဖြေရှင်းမည့် ပြဿနာကိုသေချာသိရမယ်။

နောက်တစ်ဆင့်က သင်ယူပြီးသွားရင်
ရရှိသွားမည့် learning outcomes ကို
သေချာသတ်မှတ်ရမယ်။

နောက်ပြီး Online Course ကို
Modules တွေခွဲရမယ်။
ခွဲထားတဲ့ Module တွေကို
lesson ထုတ်ရမယ်။​

နောက်ပြီး သင်တန်းမတတ်ခင်
ရှိထားရမည့် ကျွမ်းကျင်မှု၊ အသိပညာ
prior knowledge ကိုသတ်မှတ်ရမယ်။

သင်ကြားတဲ့အခါ
လေ့လာသူရဲ့ အာရုံစိုက်မှုရဖို့
သင်ခန်းစာအပေါ် ကနေ
လေ့လာသင်ယူပြီးရင်
ပြန်လည်ဆန်းစစ်မှု
ဒီအပိုင်းတွေကို ထည့်သွင်းစဥ်းစားဖို့လိုတယ်။

နောက် အဆင့်နိမ့်သင်ယူမှု နဲ့
အဆင့်မြင့်လေ့လာမှုကို
Bloom’s Taxonomy ထဲကအတိုင်း
မှတ်မိတာမျိုးလောက်
နားလည်တာမျိုးလောက်ပဲမဟုတ်ပဲ
ခွဲခြမ်းစိတ်ဖြာနိုင်တာ၊
အသစ်ဖန်တီးအသုံးချနိုင်တဲ့အဆင့်ထိ
ထည့်သွင်းစဥ်းစားထားဖို့လိုတယ်။

နောက်မတူညီတဲ့လူတွေရဲ့
မတူညီတဲ့လေ့လာပုံတွေဖြစ်တဲ့
အမြင်အားသာသူ Visual learner
အကြားအားသန်သူ Auditory learner
ခံစားချက်အားသန်သူ Kinesthetic learner
အကုန်လုံးလေ့လာလွယ်အောင် ဖန်တီးဖို့လိုတယ်။

နောက် ညာဖက်ဦးနှောက်အလုပ်ပိုလုပ်သူ
Right Brain သမားဆို
သင်ခန်းစာကို ခြုံပြီးအကုန်လုံးအရင်သိပြီးမှ
လေ့လာချင်တဲ့ Holistic သဘောတရားရှိတာ၊
Left Brain သမားဆို Logic ကျပြီး
တစ်ဆင့်ခြင်းလေ့လာချင်တာဖြစ်တဲ့အတွက်
ဒီနှစ်ခုကိုလဲ မျှမျှတတလုပ်ဖို့လိုတယ်။

အနာဂတ်မှာ မတိမ်ကောနိုင်တဲ့
အတတ်ပညာတစ်ခုက
သင်ယူမှု၊ သင်ကြားမှုပဲ
အားတီ၊ အားမေတို့။

နောက်ပိုင်း နည်းပညာပိုကောင်းလာရင်
Toe Tet ကိုစိတ်ကူးကြည့်တာ
Personal, Professional နဲ့ Business Development
ပေါင်းစုံကို local language နဲ့
လေ့လာလို့ရပြီး
ကျွမ်းကျင်သူ expert တွေရဲ့
Online Course တွေ စုံစုံလင်လင်ရတဲ့နေရာဖြစ်မယ်။​

Youtube နဲ့ Online Course ကွာတဲ့အချက်က
ညွှန်ကြားမှုတွေကို
Organization စုစုစည်းစည်း
လုပ်ဆောင်နိုင်တာဖြစ်တယ်။

အင်ဒိုနီးရှားမှာ လူဦးရေ 273.8 သန်းရှိပြီး
Udemy မှာလေ့လာနေတဲ့ဦးရေက
စလုံး လူဦးရေ 5.454 သန်းနဲ့
လေ့လာသူအရအတွက် အတူတူပဲတဲ့။

အနာဂတ်အတွက်၊ ဒီနေ့အတွက်
ရှင်သန်မှုအတွက် သင်ယူမှု
အမြဲလိုနေမှာ။

ဒီိနေ့ကော ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ်က
အသိပညာ၊ အတတ်ပညာတစ်ခု
လေ့လာပြီးပြီလား။

Phyo Paing @ Derek

Share Your Idea!​