Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အနာဂတ်အတွက် ဝှက်ဖဲတွေလိုတယ်။

ကိုယ်စီထားတဲ့ ဝှက်ဖဲတွေက
ကိုယ့်ဘဝကို တစ်ဆင့်တစ်ဆင့်
တက်တက်သွားစေနိုင်တယ်။

ဆေးကျောင်းတက်ရင်း
ဖုန်းဆော့ဝဲတွေလုပ်ပေးတော့
ကျောင်းတက်ရင်းမှာသာမက
ကျောင်းပြီးတော့လဲ
ရပ်တည်ဖို့အတွက် ငွေရှာပေးတယ်။​

ဆေးကုမ္ပဏီလုပ်ရင်း
အချိန်ပိုင်းစာသင်တော့
အလုပ်ထွက်တဲ့အခါ
သင်တန်းကျောင်းစတင်လို့ရတယ်။

သင်တန်းကျောင်းသင်နေရင်း
ရန်ကုန်သွားလိုက်၊ မန္တလေးသွားလိုက်
ရက်တို training ပေးတော့
teaching ကနေ training ပိုင်းပြောင်းလို့ရတယ်။​

ရက်တိုသင်တန်းပေးနေရင်း
နည်းပညာကုန်ပစ္စည်တွေ ပြင်ဆင်တော့
Covid-19 ဖြစ်တဲ့အခါ
ပေါက်ကွဲမှုအားကောင်းတဲ့
online learning app လုပ်လို့ရလာတယ်။​

Online Course တွေလုပ်နေရင်း
Coaching တွေတဖက်ကလုပ်ရင်း
နာရီပေါင်း ၃၀၀၀ ကျော်ရင်း
လုပ်ငန်းရှင်တွေ အတွက်လိုအပ်တဲ့
စနစ်တွေ ဖန်တီးပေးခွင့်ရတယ်။​

ဒီ Coaching လုပ်နေရင်း
စနစ်တွေဖန်တီးတဲ့ နည်းပညာလုပ်ရင်း
Akyanpay လုပ်လို့ရလာတယ်။

အကြံပေးလုပ်ရင်း
တဖက်က နည်းပညာ၊ ကျောင်းနဲ့
after-school program သင်တန်းတွေမှာ
investment လုပ်တဲ့ firm မှာပါဝင်လုပ်ရင်း
ဘာတွေ ဆက်ဖြစ်မလဲ ကိုယ်လဲသေချာမသိဘူး။

သေချာတာတစ်ခုကတော့
ဖဲတစ်ချက်တည်းနဲ့ မရဘူး။
အနာဂတ်အတွက် ဝှက်ဖဲတစ်ချက်
အနည်းဆုံးလိုတယ်။​

Phyo Paing @ Derek

Share Your Idea!​