ငယ်ကတည်းက မိဘကိုပဲ
အကုန်အားကိုးလို့မရဘူးဆိုတာ
နားလည်ထားတာနဲ့အမျှ
ကိုယ့်ဘဝအနာဂတ်
ကိုယ်ကြိုတင်စိုးရိမ်ရတယ်။
ကျောင်းမပြီးသေးဘူး
ဘွဲ့ရတဲ့အခါ အလုပ်ရဖို့ စိုးရိမ်ရတယ်။
အလုပ်ရတဲ့အခါ
နောက်လာမည့် အနာဂတ်မှာ
လက်ရှိရှိထားတဲ့ ဘဝထက်
လူနေမှုအဆင့်အတန်း မကျသွားရေးစိုးရိမ်ရတယ်။
ဒီတော့ အနာဂတ်ပြဿနာတွေကို
ကြိုတင်အဖြေရှာရမယ်ဆိုတဲ့
အသိစဝင်လာတယ်။
ဒီနေ့ပြဿနာတွေပဲ ဖြေရှင်းနေလို့မရဘူး။
နောက်အနာဂတ် သုံးလေးငါးနှစ်ကစလို့
ဆယ်နှစ်အတွင်းလာမည့်ပြဿနာ
ကြိုတင်တွက်ချက်ရပြန်တယ်။
ပြဿနာတွေကြိုတင် အဖြေမရှာထားရင်
နဖူးတွေ့ဒူးတွေ့ဖြစ်တဲ့အခါ
ခြေမကိုင်မိ လက်မကိုင်မိဖြစ်တတ်တယ်။
“အနာဂတ် ပြဿနာတွေအတွက်
ကြိုတင် အဖြေရှာပါ။”
Phyo Paing @ Derek