စွမ်းဆောင်ရည်မြင့်ချင်ရင်
စက်ရုပ်လိုနေ။
ဘဝအနှစ်သာရ ခံစားချင်ရင်
အနုပညာရှင် artist လိုနေ။
ဒီနှစ်ခုကိုပေါင်းစပ်ပြီး
တစ်ရက်တာ လုပ်မည့်အလုပ်တွေကို
စက်ရုပ်လို စနစ်ချပြီး၊
အထဲမှာ လုပ်ဆောင်တဲ့ ဖန်တီးမှုတွေကို
အနုပညာလိုလုပ်။
ကိုရီးယားကိုပဲ ကြည့်လေ။
K-pop ယဥ်ကျေးမှုက ဒီလိုလုပ်ထားတာ။
တစ်ကမ္ဘာလုံးကို လွမ်းမိုးလာတာလဲမပြောနဲ့။
ကိုယ်တိုင်က K-pop
ခရေဇီ မဟုတ်ပေမယ့်
ကိုယ်တွေလဲ ဆောင်ဦးရွက်ကြွေချစ်သက်သေကစလို့
2NE1 နဲ့ Blackpink တွေထိပဲမဟုတ်လား။
အောင်မြင်တဲ့အနုပညာရှင်တွေကြည့်။
Feel လာမှ လုပ်တဲ့သူတွေမဟုတ်ဘူး။
Feel မလာလဲ ဖန်တီးဖို့ Feel လာအောင်လုပ်ပြီး
အနုပညာတွေ ချပြတဲ့သူတွေ။
ဒါကတော့ အမြင်လေးတစ်ခုပါ။
မှန်တယ်၊ မမှန်တယ် စဥ်းစားကြည့်ကြည့်ပေါ့။
အမြင်ဆိုတော့ opinion
တကယ့်အမှန်တရား fact မဟုတ်ဘူး။
ဒီစနစ်နဲ့တော့ ဘဝကို စမ်းသပ်နေတာ
သုံးနှစ်ရှိတော့မယ်။
Phyo Paing @ Derek