Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အနောက်တိုင်းလို အိုင်ဒီယာအသစ်တွေတူးဖော်။
တရုတ်တွေလို အလုပ်ကိုလုပ်။
မြန်မာလို စေတနာထား။

တရုတ်ယဉ်ကျေးမှုမှာကြီး၊
မြန်မာယဉ်ကျေးမှုမှာနေ၊
နိုင်ငံခြားအတွေးအခေါ်စာအုပ်တွေဖတ်ဆိုတော့
ကမ္ဘာ့အမြင်က သုံးခုဖြစ်နေတယ်။

တရုတ်တွေက လောကကြီး
တရားမျှတတယ်လို့ အများစုမစဉ်းစားကြဘူး။
လောကကြီးမတရားတာ
မွေးကတည်းကလက်ခံပြီးသား။
အရာရာဟာ ပြိုင်ဆိုင်မှုတစ်ခုလို့
အများစု စဉ်းစားကြတယ်။
ဘာကြောင့်လဲဆို လူဦးရေအများကြီးကြားမှာ
ပြိုင်ဆိုင်နေကြရတယ်။
နည်းပညာအသစ်ထွက်ရင်
သူများသုံး ကိုယ်မသုံးရင်ကျန်ခဲ့မှာ။
အလုပ်ဖြစ်ရင် မြန်မြန်လုပ်။
နောက်ကလိုက်လုပ်။
မဟုတ်ရင် ကျန်ခဲ့မှာ။
အလုပ်ဖြစ်တာလုပ်
အများကြီး မစဉ်းစားနေနဲ့။
ဒီလိုသွားကြတယ်။

မိဘကို ပြန်လည်စောင့်ရှောက်။
သားသမီးနောင်ရေးအတွက်
ပြုစုပျိုးထောင်ပေး။
ဒါတွေနဲ့ကြီးလာတယ်။

မြန်မာယဉ်ကျေးမှုမှာ
ဗုဒ္ဓအဆုံးအမတွေနဲ့ ရင်းနှီးခွင့်ရတယ်။
မြန်မာဘာသာစကားက
ပါဠိလိုတချို့အပိုင်းတွေကို
ပိုနားလည်စေတယ်။

လူတွေကလောကအမြင်ရိုးသားတယ်။
ကောင်းသာလုပ်ရင် ကောင်းတာဖြစ်မယ်
ယုံကြည်ကြတယ်။
ဘဝအခြေအနေအရသာ
လုပ်တဲ့အလုပ်က မကောင်းရင်မကောင်းမယ်။
စေတနာကောင်း ကံကောင်းတယ်လို့ယုံတယ်။
မိဘကိုရိုသေ၊ ဆရာကိုလေးစားတယ်။
ပရဟိတစိတ်ရှိတယ်။

အမြဲ ကိုယ်ကကြီး အမြတ်ထုတ်ခံနေရတယ်လို့
ထင်တတ်တာမျိုးလဲရှိတယ်။
ဒါက textbook တွေမှာ
ကိုလိုနီနယ်ချဲ့ဆိုတဲ့အပိုင်းတွေကို
ငယ်ငယ်ကတည်းက သင်ခဲ့ရတာလဲပါနိုင်တယ်။

အနောက်တိုင်းရဲ့ပုံစံက
မတူညီတဲ့အတွေးအခေါ်အများကြီးကို
တစ်ပြိုင်တည်းလက်ခံနိုင်စွမ်းရှိတယ်။
ရှိနေကျ norm လက်ကိုင်ထားတဲ့အရာတွေကို
စိန်ခေါ်ရဲတယ်။
အဓိက အတွေးအခေါ်စိန်ခေါ်မှုနဲ့
အပြောင်းအလဲကြီးကိုလုပ်ရဲတယ်။

တရုတ်တွေက operational efficiency
တစ်ခုကိုပြိုင်ဆို ပိုထိရောက်အောင်
လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။
သူ့ရဲ့ယဉ်ကျေးမှုနဲ့ လူမှုဖွဲ့စည်းပုံကြောင့်
အိုင်ဒီယာခပ်ကြမ်းကြမ်းအသစ်တွေ
ထွက်လာဖို့မလွယ်ဘူး။

အနောက်တိုင်းလို အိုင်ဒီယာအသစ်တွေတူးဖော်။
တရုတ်တွေလို အလုပ်ကိုလုပ်။
မြန်မာလို စေတနာထား။

ဆရာဇော်ဂျီရေးခဲ့သလို
“သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။”

ကိုယ်မွေးခဲ့တဲ့မြေအတွက်
ကိုယ်ကတော့ အနှုတ်မဖြစ်ဖို့လိုတယ်။
ယူတာထက် ပိုပေးခဲ့ဖို့လိုတယ်လို့ထင်တယ်။
နေ့တိုင်းလဲ ကိုယ်သိတာနဲ့
တချို့သူတွေကို ကူညီနိုင်အောင်လုပ်ဆောင်နေပါတယ်။

Phyo Paing @ Derek

Share Your Idea!​