Risk အန္တရာယ်ကို မြင်တဲ့
ကျွန်တော့်အမြင်လေး
နည်းနည်းပြောကြည့်မယ်။
လုပ်သင့်တဲ့အချိန် လုပ်သင့်တဲ့အရာ
မလုပ်လိုက်မိတာက အန္တရာယ်ပဲ။
မလုပ်သင့်တဲ့အချိန် မလုပ်သင့်တဲ့အရာကို
လုပ်လိုက်မိတာကလဲ အန္တရာယ်။
မထင်မှတ်ထားတဲ့အရာက
မထင်မှတ်ထားတဲ့နေရာက
မထင်မှတ်ထားသလို ဖြစ်လာတာကလဲ
အန္တရာယ်။
အန္တရာယ်ဆိုတာ
ကိုယ်သတိမထားမိ
မပြင်ဆင်လိုက်လို့
ကြိုတင် မလုပ်ဆောင်မိလို့ဖြစ်လာတဲ့အရာ။
လူမှုကွန်ယက် social media ခေတ်မှာ
သူ့ကို လုပ်ငန်းအတွက် သုံးလိုက်တာက
မသုံးလိုက်တာထက် အန္တရာယ်ပိုနည်းတယ်။
အလားတူပဲ အနာဂတ်မှာ
အန္တရာယ်တွေ အများကြီးရှိတယ်။
ပထမတစ်ခုက ငွေကြေး၊
ဒုတိယတစ်ခုက နည်းပညာ။
ငွေကြေးအနေနဲ့ကြည့်မယ်ဆို
ငွေကြေးဖောင်းပွမှုနှုန်းဆိုတာ
နိုင်ငံသားတိုင်းအတွက် အခွန်တစ်ခုပဲ။
သွယ်ဝိုက်ပြီးပေးနေရတဲ့ အခွန်။
နိုင်ငံကြီးတွေအတွက် ငွေကြေးဆိုတာ
ထုတ်ကုန်၊ ပို့ကုန်တစ်ခုဖြစ်လာနေတယ်။
ကမ္ဘာကြီးက အမေရိကန်
ဦးဆောင်တဲ့နောက်လိုက်ရတယ်။
ခုနောက်ပိုင်း တရုတ်ကနည်းနည်းနေရာရလာတော့
ဒေါက်ဖြုတ်တဲ့အချိန်။
အမေရိကန်ရဲ့အကြွေးက $38 trillion ရှိတယ်။
တစ်ပတ်ကို $50 billion ချေးနေရတယ်လို့ဆိုတယ်။
အမေရိကန်အစိုးရက
တစ်နှစ်အသုံးစရိတ် ဒီနှစ် ၂၀၂၅ အတွက်
$6.8 trillion ရှိတယ်။
ဝင်ငွေခန့်မှန်း $5 trillion
နှစ်စဥ်ချေးငွေ $1.8 trillion ရှိတယ်။
တရုတ်ရဲ့အကြွေးအကုန်က
ခန့်မှန်းခြေ $60 trillion ရှိတယ်။
အမေရိကန်နဲ့မတူတာက
တရုတ်ရဲ့အကြွေးအများစုက သူ့နိုင်ငံအတွင်းမှာ။
အမေရိကန်ရဲ့ပြဿနာက
ဒီအကြွေးကြောင့် ရေရှည်ဒုက္ခမရောက်အောင်။
တရုတ်ရဲ့ပြဿနာက
သူရင်းနှီးမြုပ်နှံထားတဲ့
အဆောက်အဦးတွေ infrastructure တွေက
အလုပ်ဖြစ်အောင်။
အမေရိကန်ရဲ့ ဒေါ်လာက ကမ္ဘာသုံးဖြစ်သလို
ရွှေနဲ့မချိပ်ဆက်ထားတော့
ငွေလိုရင် ကြိုက်သလိုရိုက်ထုတ်လို့ရတယ်။
ပြဿနာက ယုံကြည်မှုနဲ့
လွန်ကဲတဲ့ ငွေကြေးဖောင်းပွမှု။
ဒီတော့ ဒါကို ဖြေရှင်းဖို့
အမေရိကန်အစိုးရက ဒီငါးခုကိုလုပ်ဖို့လိုလာမယ်။
၁။ သူ့နိုင်ငံစီးပွားရေးကို တိုးတက်အောင်လုပ်ရမယ်။
၂။ GDP တိုး၊ ဝင်ငွေတိုး၊ အခွန်တိုးကောက်
၃။ အသုံးကိုလျော့ (ဒါက ဒီမိုကရေစီနိုင်ငံဖြစ်လို့
ပြဿနာများတယ်။ အသုံးလျော့ မဲရနိုင်ခြေနည်း)
၄။ အတိုးနှုန်းကိုလျော့
၅။ ငွေကြေးဖောင်းပွမှုနဲ့ မသိမသာပေးသွား
(ဒေါ်လာကို ဒီထက်ပိုသုံးအောင်လုပ်)
အမေရိကန်အစိုးရ အထူးသဖြင့် ထရမ့်လက်ထက်မှာ
ဒါကြီးကို သိသိသာသာမြင်ရမယ်။
Pro Business ဖြစ်တယ်။
အထူးသဖြင့် Tech နည်းပညာပိုင်းကိုအသားပေးတယ်။
ဒီနေ့ခေတ်က AI အေအိုင်ခေတ်ဆိုတော့
လူတိုင်း စိုးရိမ်ရတယ်။
နည်းပညာတွေက သူ့ပြိုင်ဖက်တွေရဲ့
အသုံးကျမှုကို နည်းအောင်လုပ်နိုင်တယ်။
ထွန်စက်တွေက နွားနဲ့ လယ်စိုက်မှုကိုလျော့ချတယ်။
ကားတွေက မြင်းတွေရဲ့ ခရီးသွားမှုကိုလျော့ချတယ်။
အေအိုင်က လူတွေရဲ့ ဥာဏ်ကြောင့်အသုံးဝင်မှုကိုလျော့ချမယ်။
စက်ရုပ်က လှုပ်ရှားမှုပိုင်းကို လာမယ်။
ဒါကတော့ ကျွန်တော်မြင်တဲ့အမြင်ကို ပြောတာပါ။
အမေရိကန်ရဲ့ top 7 ထိပ်တန်း နည်းပညာကုမ္ပဏီ ၇ ခုကိုကြည့်ရင်
Nvidia Corporation (NVDA)
Apple Inc. (AAPL)
Microsoft Corporation (MSFT)
Alphabet Inc. (GOOGL / GOOG)
Meta Platforms, Inc. (META)
Amazon, Inc. (AMZN)
Tesla, Inc. (TSLA)
ဒီ ၇ ခုပေါင်းရဲ့ စျေးကွက်တန်ဖိုးခန့်မှန်းက
$ 21.85 trillion ရှိပြီး
အမေရိကန်ရဲ့ အကြီးဆုံး
စတော့စျေးကွက်က ကုမ္ပဏီအခု ငါးရာ
S & P 500 အကုန်ပေါင်း $ 57.41 trillion
ဒီတော့ ပထမ ၇ ခုတင် 38% ရှိတယ်။
တကယ်လို့ ကိုယ်က ကိုယ့်လုပ်ငန်းရဲ့ဝင်ငွေကို
diversify လုပ်မယ်ဆို
အန္တရာယ်နည်းနည်းနဲ့ ပုံမှန်ကြီးနိုင်တဲ့
ETF fund
ဒါမှမဟုတ် အန္တရာယ်နည်းနည်းများမယ်
တိုးတက်နိုင်ခြေလဲများတဲ့
ထိပ်တန်း AI ပိုင်းမှာရှေ့ရောက်နေတဲ့
လူတွေ နေ့စဥ်သုံး
အလုပ်တွေကို အစားထိုးသွားနိုင်တဲ့
AI companies တွေမှာ နည်းနည်း
ရင်းနှီးမြုပ်နှံပြီး upside potential
တိုးတက်အောင်လုပ်လို့ရတယ်။
ဝယ်လို့ရတဲ့ ပလက်ဖောင်းတွေလဲ
ဒီနေ့ခေတ် အများကြီးရှိနေပါပြီ။
(တချို့က အေအိုင်
ဘူဖောင်းပေါက်နိုင်တယ်လို့တော့ဆိုကြတယ်။
ချိန်တော့ကြည့်ရမှာပေါ့။)
ဒုတိယအချက်က အမေရိကန်က
အစကတည်းက US dollar ကို
ပြည်ပထုတ်ကုန်အနေနဲ့အသုံးပြုပြီး
သူ့ရဲ့ ငွေကြေးဖောင်းပွမှုကို
export လုပ်နေတာကြာပြီ။
အခုတော့ တရုတ်ကလဲ e-CNY အပြင်
BRICS တို့လို
Brazil, Russia, India, China, South Africa နိုင်ငံတွေက
ယူအက်ဒေါ်လာကို စိန်ခေါ်မည့်ပုံစံဖက်ကိုသွားနေတဲ့အခါ
ဒီနှစ် ဂျူလိုင် ၁၈ မှာ
The GENIUS Act
(Guiding and Establishing National Innovation for U.S. Stablecoins Act) ကိုပြဋ္ဌာန်းခဲ့တယ်။
ဒီနေ့ခေတ်က လူတွေက digital payment
အွန်လိုင်းငွေပေးချေမှုကိုပိုလုပ်လာကြတယ်။
ဒီနေရာမှာ US ဒေါ်လာအသုံးဝင်မှုကို
ကျမသွားဖို့အပြင် တိုးတက်လာဖို့
stable coin ဖက်ကို အသားပေးလာတယ်။
ဒီနေ့ခေတ်သုံးနေကြတဲ့ USDT တို့
USDC တို့လိုမျိုး။
1 USDT ကို နောက်ကွယ်က
ယူအက်တစ်ဒေါ်လာရှိနေတဲ့ပုံစံ။
Fintech, Ecommerce, Global payment business တွေအတွက်
ရွှေအခွင့်အရေးတစ်ခုဖြစ်နိုင်တယ်။
ဒီမှာအရေးကြီးတာက
ငွေနောက်က ရွှေလိုက်တယ်။
တကယ်လို့ ငွေက ဒစ်ဂျစ်တယ်ဖြစ်လာရင်
ရွှေကလဲ ဒစ်ဂျစ်တယ်ဖြစ်လာမယ်။
ဒါကတော့ ယူဆချက်တစ်ခုပေါ့။
ဒီ digital gold ကတော့ bitcoin ဆိုပြီး
settlement layer မှာသူ့ကိုထားတယ်။
ရွှေတူးသလိုပဲ bitcoin တူးတာက
လျှပ်စစ်မီးတွေအသုံးပြုမှုများတယ်။
လက်ရှိ ၂၀၂၅ မှာ လျှပ်စစ်အသုံးပြုမှုက
Bitcoin network ~ 170-180 TWh
Gold mining industry (global) ~ >200-265 TWh
စျေးကွက်တန်ဖိုးအရဆို
ကမ္ဘာပေါ်မှာရှိတဲ့ ရွှေအားလုံးရဲ့ တန်ဖိုးက $30 trillion ကျော်၊
Bitcoin က လက်ရှိ ဒီမနက်တန်ဖိုးက $2 trillion ကျော်။
တချို့က တချိန်ရွှေဖြစ်မယ်ဆိုပြီး
Bitcoin ကို energy စွမ်းအင်ဆိုပြီး
ဝယ်စုကြတယ်။
ဒီတော့ ပထမ အေအိုင် အန္တရာယ်၊
ဒုတိယက ငွေကြေး အန္တရာယ်။
ကမ္ဘာကြီးက အရှိန်ပြင်းပြင်းနဲ့ပြောင်းနေတယ်။
အေအိုင်နဲ့ ဒီအနာဂတ်ငွေကြေး blockchain ကို
တီးမိခေါက်မိမရှိဘူး၊
ကြိုတင်ပြင်ဆင်မှုမရှိဘူးဆို
ဒါက အန္တရာယ်ပဲ။
အန္တရာယ်တွေ အကြီးဆုံးမှာ
နားမလည်လိုက်တာ။
ဘာကြောင့်လဲဆို နားမလည်ရင်မှားမယ်။
ဒီနှစ်ထဲမှာမှ Genius Act အပြီး
သိတတ်တဲ့သူတွေမေး၊
စာအုပ်တွေရှာဖတ်၊
ကိုယ်တိုင်လုပ်ဆောင် လေ့လာကြည့်ပြီး
လုပ်ငန်းရှင်တချို့အတွက်
နားလည်လွယ်တဲ့ framework တွေနဲ့
ရှင်းပြဖို့ လုပ်ဆောင်ရင်း
ရေးမိသွားတယ်။
(အရင်းအမြစ် source ပေါ်မူတည်ပြီး
ကိန်းဂဏန်းအချို့ အနည်းနဲ့ အများကွာခြားနိုင်။)
Phyo Paing @ Derek