အပိုအလုပ်တွေလုပ်လို့
ဘဝက အပိုဆုတွေပေးမှာမဟုတ်ဘူး။
အရေးပါတဲ့အလုပ်လုပ်မှ
အရာရောက်တဲ့နေရာရမှာ။
ရည်ရွယ်ချက်မရှိပဲ
တွေ့ရာအပင် ပုဆိန်နဲ့ပေါက်နေရင်
ပုဆိန်ရာတွေပဲကျန်နေမှာ။
တစ်ခုခုလုပ်မယ်ဆိုရင်
ငါဘာကြောင့် ဒီအလုပ်လုပ်သလဲ။
ငါလိုချင်တဲ့အရာကဘာလဲ။
ဒါကိုလုပ်ရတဲ့ နောက်ကွယ်
အမှန်တကယ်အကြောင်းအရင်းကဘာလဲ။
ငါမလိုချင်တဲ့အရာကဘာလဲ။
ဘယ်လောက်ထိ အရှုံးခံနိုင်လဲ။
အောင်မြင်တဲ့ရလဒ်သာရခဲ့မယ်ဆို
အကောင်းဆုံးဆို၊ သာမန်ဆို
ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
ဒါကို စတင်ဖို့ဘာတွေလိုမလဲ။
ဘာတွေသတိထားရမလဲ။
ဒီမေးခွန်းတွေမေးကြည့်ပါ။
အပိုအလုပ်တွေလုပ်လို့
အပိုဆုတွေ မပေးပါဘူး။
အရေးပါတာကို
အရာပေးပါ။
Phyo Paing @ Derek