လိုချင်တာရအောင်
လုပ်ဆောင်နိုင်စွမ်းမရှိတဲ့အခါ
အငုံ့စိတ်ဆိုတာ ဖြစ်လာတယ်။
အငုံ့စိတ်ဖြစ်လာတဲ့အခါ
အဖြေရှာဖို့ထက်
အပြစ်တင်ဖို့ကို
လုပ်ဆောင်တတ်တယ်။
ဒါကို စိတ်ပညာရှင်
Alfred Adler က
Inferiority Complex လို့ခေါ်တယ်။
ငယ်ဘဝမှာ လိုချင်တာကို
ပြည့်ပြည့်စုံစုံရခဲ့တာနဲ့
မရခဲ့တာကွာတယ်။
တချို့သူတွေဆို သူတို့ကို
နှိမ်လို့နှိမ်နေမှန်းမသိဘူး။
တခြားသူတွေကိုလဲ
မနှိမ်တတ်ဘူး။
အဲ့လိုလူတွေအများကြီးတွေ့ဖူးတယ်။
တချို့သူတွေက တစ်ခုခုဆို
comment မှာ
wall မှာ တခြားသူတွေကို
အပြစ်ပြောတာ နှိမ်နေတာကိုတွေ့လိမ့်မယ်။
ဒါက အငုံ့စိတ်ရဲ့ တုန့်ပြန်မှုပဲ။
ကျွန်တော်လဲ အဲ့လို
inferiority complex တော်တော်ဖြစ်ခဲ့ဖူးတယ်။
အထူးသဖြင့် ၂၀၁၀ ထိပဲ။
လုပ်ချင်တာမလုပ်ရတဲ့ဘဝ။
ကိုယ့်မှာအစွမ်းအစရှိတယ်လို့ယုံကြည်ပြီး
တခြားသူတွေ ဖြစ်မြောက်တာတွေ့တော့
ဒေါသထွက်။
လောကကို အပြစ်တင်မိတာ။
သတင်းတွေရဲ့ comment မှာဆို
ကိုယ့်ကို အရင်ဆုံးတွေ့လိမ့်မယ်။
နောက်ပိုင်းကျတော့
ဒါကို ကောင်းတဲ့အပိုင်းအသုံးချဖို့
နည်းလမ်းရှာဖြစ်တယ်။
ဒီ inferiority complex ကို
ကောင်းတဲ့ဖက်မှာသုံးဖို့
ဖြစ်ချင်တာဖြစ်ဖို့
လောကအမြင်ကို update လုပ်ဖို့
စဥ်းစားကြည့်တယ်။
နောက်ပိုင်းမှာ ဒီဥပဒေသနှစ်ခုသုံးတယ်။
“အပြင်မတင်နဲ့ အဖြေရှာ။”
“ပြိုင်မငြင်းနဲ့ မေး။”
Phyo Paing @ Derek