ကိုယ့်ဖြစ်တည်မှုအတွက်
ကိုယ်ဂုဏ်ယူတဲ့သူတွေက
သူများကို မနှိမ်တတ်ကြဘူး။
ကိုယ့်ဖြစ်တည်မှုကိုမကျေနပ်လေ
ထွက်ပေါက်အနေနဲ့
သူများတွေကို ပိုနှိမ်တတ်လေ။
ဒါကလဲ ဘယ်သူ့မှ
အပြစ်တင်လို့မရဘူး။
ကိုယ့်ဘဝကိုယ်ပြောင်းလို့မရရင်
အပြစ်တင်တာနဲ့ စိတ်ဖြေတတ်ကြတာ
လူ့သဘာဝလိုဖြစ်လာတာပါပဲ။
“အပြစ်မတင်နဲ့ အဖြေရှာ”
ဒါစကားနဲ့ ကိုယ့်ကိုကိုယ်
အမြဲအားပေးရတတ်တယ်။
Phyo Paing @ Derek