Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အပြစ်မတင်ပါနဲ့။

ပြဿနာဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဆိုတာမရှိဘူး။ ပြဿနာဖြစ်နေတဲ့လုပ်ငန်းရှင်ပဲရှိတယ်။ ဘယ်လောက် growth rate နည်းတဲ့ industry မှာပဲဖြစ်ဖြစ် အဆင်ပြေနေတဲ့ လုပ်ငန်းတွေရှိတယ်။ အစိုးရနဲ့လဲမဆိုင်ဘူး။ ဖောက်သည်နဲ့လဲမဆိုင်ဘူး။ အဓိက လုပ်ငန်းကို ဦးစီးတဲ့သူနဲ့ပဲဆိုင်တယ်။ ဦးစီးတဲ့သူတွေအနေနဲ့ လုပ်ငန်းကကိုယ့်ထက်ကြီးတယ်လို့ထင်မိတာဟာ ပထမအမှားပါပဲ။ လုပ်ငန်းတစ်ခုဟာ သူ့ကိုဦးဆောင်တဲ့သူ ပုံစံအတိုင်းပဲထွက်ပါတယ်။

နည်းလမ်းတစ်ခုအလုပ်မဖြစ်ရင် အလုပ်ဖြစ်တဲ့နည်းလမ်းကို ရှာရမှာ လုပ်ငန်းကို ဦးဆောင်သူရဲ့အလုပ်ဖြစ်ပါတယ်။ လိုလျင်ကြံဆနည်းလမ်းပါ။ အမေရိကန် ကုမ္ပဏီတွေက Mobile မှာ Android နဲ့ iOS ကိုဖန်တီးပြီး တစ်ကမ္ဘာလုံးကို လွမ်းမိုးထားတယ်။ တရုတ် Tencent က Wechat မှာ miniprogram ထွင်ပြီး webapp နဲ့ ထိန်းချုပ်မှုကို bypass လုပ်သွားတယ်။ မဖြစ်နိုင်ဘူး။ အနိုင်ကျင့်တယ် ထိုင်ငြီးနေရင် နားငြီးတာပဲအဖတ်တင်မယ်။

အောင်မြင်မှုဆိုတာ အိမ်ငှားသလိုပါပဲ။ အိမ်လခ မပေးနိုင်ရင် ကန်ချခံရမယ်။ ဒီနေ့မှာ ဒီနေရာရောက်နေပေမယ့် ဆယ်နှစ်နေတဲ့အခါ ဘယ်သူ၊ ဘယ်နေရာမှာရောက်နေမလဲ။ ဒါအရေးကြီးတာပဲ။ စိတ်ရှည်ဖို့။ မျက်စိဖွင့်ထားဖို့။ မသိတာကို မသိဖူးနားလည်ဖို့။ သင်ယူဖို့။ အလုပ်လုပ်ဖို့။ တိုးတက်နေဖို့။ ဒါတွေလိုအပ်တာပဲ။ နေ့စဥ် ကိုယ့်အကြောင်းထက် သူများအကြောင်းပိုစဥ်းစားနေရင် ဒါဟာကောင်းတဲ့ လမ်းကြောင်းမဟုတ်ဘူး။ အနာဂတ်အမြင်က အတိတ်မှတ်မိတာထက် အမြင်ပိုရှင်းရမယ်။

Phyo Paing @ Derek

Share Your Idea!​