Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။

ဘဝရဲ့ ပြဿနာတွေက
ဘဝရဲ့ လက်ဆောင်တွေပဲ။

မြင်အောင်ကြည့်လေ
ရှင်းလေပဲ။

အမေကြောင့်၊ အဖေကြောင့်၊
မိဘ၊ မောင်နှမ၊ ဆွေမျိုးကြောင့်၊
သားကြောင့်၊ သမီးကြောင့်၊
လင်ကြောင့်၊ မယားကြောင့်၊
သူငယ်ချင်း၊ အသိမိတ်ဆွေကြောင့်၊
သူဌေးကြောင့်၊ ဝန်ထမ်းကြောင့်၊
ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ်
ဖြစ်လာတဲ့ပြဿနာက
လက်ဆောင်တစ်ခုပဲ။

ပြဿနာကို ဖြေရှင်းခြင်းက
လက်ဆောင်ကို အထုပ်ဖြည်ခြင်းပဲ။
အထုပ်အပြင်ကသာ အခက်အခဲ
အတွင်းထဲမှာ အခွင့်အလမ်းရှိတယ်။

ဒါကြောင့် အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာ
အခွင့်အလမ်းရှိတယ်။
အန္တရာယ်နဲ့အတူ
အခွင့်အလမ်းကတွဲပါတယ်။

တရုတ်စကားလုံးမှာ 危机 ဝိန်းကျီးဆိုတာရှိတယ်။
危 ဝိန်းဆိုတာ အန္တရာယ်။
机 ကျီးဆိုတာ အခွင့်အလမ်း။
ဒီ 危机 ဝေးကျီးအဓိပ္ပာယ်က
crisis အကျဥ်းအကျပ်။
ဒါကြောင့် အခက်အခဲ၊ အန္တရာယ်ကြုံတိုင်း
“အပြစ်မတင်ဘဲ အဖြေရှာကြည့်”ပါ။
လက်ဆောင်တွေကို ဖောက်ကြည့်ပါ။
အခက်အခဲရဲ့တစ်ဖက်ခြမ်းမှာ
အခွင့်အလမ်းတွေရှိပါတယ်။

Phyo Paing @ Derek

Share Your Idea!​