ဘဝမှာ အမြဲရှောင်လွဲလို့မရတာက
အနိစ္စ၊ ဒုက်ခ၊ အနတ်တပဲ။
အနိစ္စဆိုတာ မမြဲခြင်း။
ကိုယ့်မှာရှိတာတွေကို
တွယ်တာမှုလွန်ကဲတာ၊
တက်မက်မှုများလွန်းတာလျော့ဖို့လိုတယ်။
အပြောင်းအလဲအတွက်
ကြိုတင်ပြင်ဆင်ဖို့လိုတယ်။
ဘဝမှာ အို၊ နာ၊ သေ။
ဒီသုံးခုက ရှောင်လွဲလို့မရဘူး။
ဘဝအတွက် မလွယ်ကူတဲ့အရာတွေ၊
မျှော်မှန်းမထားတဲ့အရာတွေ
ဖြစ်နိုင်တယ်၊ ပေါ်နိုင်တယ်။
ဒါကလဲ နှလုံးသွင်းဖို့လိုတယ်။
ငါလို့ထင်နေတဲ့အရာက
ငါမဟုတ်ဘူး။
ဒီငါဆိုတဲ့အရာက အမြဲပြောင်းနေတယ်။
မတည်မြဲဘူး။
အနတ္တကိုလဲ နှလုံးသွင်းဖို့လိုတယ်။
ဖက်တွယ်မှု အနည်းဆုံးနဲ့နေ။
မထင်မှတ်ထားတဲ့ ဘဝသင်ခန်းစာတွေအတွက်
ကြိုတင်ပြင်ဆင်။
ငါဆိုတဲ့အရာက ပြောင်းလဲနေမှာပဲသိ။
လောကဓံကို အရမ်းလဲ
တုန်လှုပ်ခြောက်ခြားမနေအောင်
စိတ်ဓာတ်ပြင်ဆင်မှု အရေးကြီးတယ်။
Phyo Paing @ Derek