ဆုတောင်းတာတွေ တကယ်ဖြစ်လာဖို့
အမူအကျင့်ကောင်းတွေ တည်ဆောက်ပါ။
ဘာကြောင့်လဲဆိုတော့
လူတိုင်းက ကိုယ့်အမူအကျင့်ရဲ့
ရလဒ်ပါပဲ။
ကိုယ်တွေးတဲ့၊ ကြံစည်တဲ့၊ လုပ်ဆောင်နေကျ
အမူအကျင့်တွေရဲ့သားကောင်ပဲ။
ကိုယ်နေ့စဥ်မပျက်မကွက်လုပ်နေတဲ့
အမူအကျင့်ကောင်းတွေရှိလား
ပြန်စဥ်းစားကြည့်ပါ။
ငယ်ငယ်က ကိုယ်သိထားတာတွေ
ပြန်သင်ပေးတဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။
အထူးသဖြင့် စီးပွားရေးနဲ့ မားကတ်တင်းပညာကို
ပြန်သင်ပေးနိုင်ရင်
တော်တော်လေး ကောင်းမယ်လို့ထင်တယ်။
ဒီလိုလုပ်ဖို့ နေ့စဥ်စာဖတ်၊
ကိုယ်တိုင်ဆိုင်ဖွင့်ကြည့်၊
လုပ်ငန်းတွေလုပ်ကြည့်၊
နေ့တိုင်း အချိန်ပိုင်းစာသင်တဲ့အလုပ်ကိုလုပ်
ဒီအမူအကျင့်ရဖို့ ကြိုးစားကြည့်တယ်။
အိပ်မက်တွေရှိပြီး အကောင်အထည်မဖော်နိုင်တာ
အမူအကျင့်ကောင်း သေချာ မတည်ဆောက်လို့။
Phyo Paing @ Derek