ကိုယ် ဘာလုပ်နေလဲ ဆိုတာ အရေးမကြီးဘူး။
ကိုယ့်ကိုကိုယ် ဘယ်လို လူမျိုးလို့
ယုံကြည်နေလဲ ဆိုတာ အရေးကြီးတယ်။
လူ ၂ ယောက် ကို စီးကရက် ပေးကမ်းတယ်။
ပထမ တစ်ယောက်က ပြောတယ်။
“ဖြတ်နေတာ။”
ဒုတိယ တစ်ယောက်က ပြောတယ်။
“ကိုယ် စီးကရက် မသောက်တဲ့ လူ။”
ကွာတာ ဘာလဲ။
“ဖြတ်နေတာ” ဆိုတာ ယာယီ။
တစ်ချိန်ချိန် ပြန်သောက်နိုင်တယ်။
“မသောက်တဲ့ လူ” ဆိုတာ ကိုယ့်ကိုကိုယ် သတ်မှတ်ချက်။
ပြန်မသောက်တော့ဘူး။
ပထမတစ်ယောက်က အမူအကျင့် ပြောင်းတာ။
ဒုတိယတစ်ယောက်က Identity ပြောင်းတာ။
ဒါ ကွာတာ။
လူအများစု အမူအကျင့် ပြောင်းဖို့ ကြိုးစားတယ်။
Gym သွားမယ်။ စာဖတ်မယ်။ စောစော ထမယ်။
တစ်ပတ် သွားတယ်။ နှစ်ပတ် သွားတယ်။
ပြီးတော့ ရပ်တယ်။
ဘာလို့လဲ။
ကိုယ့်ကိုကိုယ် “Gym သွားတဲ့ လူ” လို့ မယုံကြည်လို့။
ကိုယ့်ထဲမှာ “ပျင်းတဲ့ လူ” ဆိုတဲ့ ပုံရိပ်ဟောင်းက ရှိနေတုန်း။
ပုံရိပ်ဟောင်း မပြောင်းသရွေ့
အမူအကျင့်သစ် မတည်မြဲဘူး။
Dr. Wendy Wood ရဲ့ သုတေသနအရ
ကိုယ့် နေ့စဉ် လုပ်ဆောင်ချက်ရဲ့ ၄၃% က
သတိထားပြီး လုပ်တာ မဟုတ်ဘူး။
အလိုအလျောက် လုပ်နေတာ။
ဒီ “အလိုအလျောက်” ကို ဘာက ထိန်းချုပ်လဲ။
ကိုယ့် Identity က ထိန်းချုပ်တယ်။
ကိုယ့်ကိုကိုယ် “ပျင်းတဲ့ လူ” လို့ ယုံကြည်ရင်
ကိုယ့် ဦးနှောက်က ပျင်းတဲ့ ရွေးချယ်မှု လုပ်မယ်။
ကိုယ့်ကိုကိုယ် “ကြိုးစားတဲ့ လူ” လို့ ယုံကြည်ရင်
ကိုယ့် ဦးနှောက်က ကြိုးစားတဲ့ ရွေးချယ်မှု လုပ်မယ်။
ဒါ ခံစားချက် မဟုတ်ဘူး။
ဒါ ဦးနှောက် သိပ္ပံ။
Stanford တက္ကသိုလ်မှာ
ကျောင်းသားတွေကို ၂ အုပ်စု ခွဲပြီး စမ်းသပ်ခဲ့တယ်။
အုပ်စု တစ်ခုကို “သင်္ချာ တတ်ချင်တယ်” လို့ ထားတယ်။
နောက် တစ်ခုကို “ကိုယ် က သင်္ချာ တတ်တဲ့ လူမျိုး ဖြစ်ချင်တယ်” လို့ ထားတယ်။
“တတ်တဲ့ လူမျိုး” အုပ်စုက
အမှတ် ပိုမြင့်တယ်။
ကျောင်းထွက်နှုန်း ပိုနည်းတယ်။
ပိုကြိုးစားတယ်။
စကားလုံးလေး ကွာတာပဲ။
ဒါပေမဲ့ ရလဒ် လုံးဝ ကွာတယ်။
Identity ဆိုတာ မွေးရာပါ မဟုတ်ဘူး။
သက်သေ စုထားတာ။
ကိုယ် Gym ၁ ကြိမ် သွားတယ်။ သက်သေ ၁ ခု။
စာ ၁ ရက် ဖတ်တယ်။ သက်သေ ၁ ခု။
စောစော ၁ ရက် ထတယ်။ သက်သေ ၁ ခု။
သက်သေ များလာရင်
ကိုယ့် ဦးနှောက်က ယုံလာတယ်။
“ဟုတ်တယ်။ ကိုယ် က ဒီလို လူမျိုး ဖြစ်တယ်။”
ယုံပြီဆိုရင်
အမူအကျင့်က အလိုအလျောက် လိုက်ပြောင်းတယ်။
တွန်းစရာ မလိုတော့ဘူး။
“ကိုယ် စာဖတ်ချင်တယ်” လို့ မပြောပါနဲ့။
“ကိုယ် က စာဖတ်သမား” လို့ ပြောပါ။
“ကိုယ် ကြိုးစားချင်တယ်” လို့ မပြောပါနဲ့။
“ကိုယ် က ကြိုးစားတဲ့ လူ” လို့ ပြောပါ။
အမူအကျင့် ပြောင်းချင်ရင်
အမူအကျင့်ကို မပြောင်းပါနဲ့။
ကိုယ့်ကိုကိုယ် ဘယ်သူလဲ ဆိုတာ ပြောင်းပါ။
ကျန်တာ အလိုအလျောက် လိုက်ပြောင်းလာမယ်။
Phyo Paing @ Derek