ချဲဂဏန်းပေးထားတော့မဟုတ်ဘူး။
ဒါ ကျွန်တော့်ရဲ့အမူအကျင့်
တည်ဆောက်ရေးဖြစ်စဥ်ဖြစ်ပါတယ်။
ကိုယ်ဖြစ်ချင်တဲ့ habit တစ်ခုရှိရင်
ပထမ ဆယ်ရက်ကိုအရင်ဖြစ်အောင်လုပ်တယ်။
ဒုတိယ ၂၁ ရက်ကို သွားတယ်။
ပုံမှန် habit တစ်ခု stick ဖြစ်ဖို့
၆၆ ကြာတယ်လို့ သုတေသနတွေကဆိုတယ်။
ဒါကြောင့် တတိယအနေနဲ့ ၆၆ ရက်
ဖြစ်အောင်လုပ်တယ်။
နောက်ဆုံးရက် ၁၀၀ ကိုသွားတယ်။
နောက်တစ်ဆင့်က ဘယ်လောက်ထိ
သွားနိုင်လဲဆိုတာကို ကြည့်တယ်။
ဒီလို တစ်ဆင့်ချင်းသွားတာကို
stretch goals လို့ခေါ်တယ်။
ရည်မှန်းချက် ပန်းတိုင်တွေကို
ဆွဲဆန့်သွားတာ။
Productivity နဲ့ Profit ကို hack
လုပ်ပေးနေတဲ့ consultant ဖြစ်တော့
Productivity ကောင်းဖို့
နေ့စဥ် ဘဝကို structure လုပ်ဖို့လိုတယ်။
မလုပ်ရင် နေ့စဥ် လုပ်ရတာတွေ
စဥ်းစားနေတာနဲ့တင် ပင်ပန်းတယ်။
ဒါကို mental fatigue လို့ခေါ်တယ်။
ဒီလို structure လုပ်ဖို့ habit
တည်ဆောက်ဖို့လိုတယ်။
Motivation အလုပ်ဖြစ်လားဆို
အလုပ်ဖြစ်ပါတယ်။
Motivation က စတင်ဖို့ နှိုးဆွပေးတယ်။
Habit က ခရီးဆက်သွားစေတယ်ဆိုတာ
ကြားဖူးကြမှာပဲ။
ဒါကြောင့် Habit တစ်ခုလုပ်ဖို့
ကျွန်တော့်ရဲ့ 102166100 Formula ကို
မျှဝေပေးလိုက်ပါတယ်။
Phyo Paing @ Derek