တစ်လ တစ်သိန်းဝင်တဲ့လူကို
ခင်ဗျာ တစ်လဆယ်သိန်းဝင်အောင်
ဘယ်လို လုပ်မလဲမေးကြည့်မယ်ဆိုရင်
အများစုက ဟာအဲ့လောက်အများကြီး
မဖြစ်နိုင်သေးပါဘူး။
ဒါဆိုရင်တော့ ငါးနှစ်၊ ခြောက်နှစ်လောက်တော့
တော်တော်ကြိုးစားရမယ်ထင်တယ်။
ဟာဒါက အဝေးကြီး
မဖြစ်နိုင်တာတွေ မစဥ်းစားစမ်းပါနဲ့။
ကိုယ့်အလုပ်ကိုယ် အာရုံစိုက်လုပ်စမ်းပါ။
အများစုက ဒီ တုန့်ပြန်မှုတွေလာတတ်တယ်။
ကိုယ်လဲ ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်။
ငါ့ကို ကန့်သတ်ထားတာ
ငါ့အတွေးများဖြစ်နေမလား။
ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
၁။ လူတွေရဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့
အစွမ်းအစရှိရမယ်။
၂။ ကိုယ့်ရည်မှန်းချက်ရောက်အောင်
ကူညီပေးနိုင်တဲ့ မှန်ကန်တဲ့လူတွေ၊
ဖောက်သည်တွေ၊ အသိတွေရှိရမယ်။
၃။ ရည်မှန်းချက်ရှိပြီး အကောင်အထည်ဖော်ရမယ်။
၄။ မရသေးရင် ပြန်လည်သုံးသပ်
လမ်းကြောင်းပြန် ပြန်လည်လုပ်ဆောင်ဖို့လိုတယ်။
Phyo Paing @ Derek