အမြင်မတူရင် အမြင့်မတူဘူး။
လူနှစ်ယောက် တူတူကြည့်တယ်။
တစ်ယောက်က ပြဿနာမြင်တယ်။
တစ်ယောက်က အခွင့်အလမ်းမြင်တယ်။
မြင်တာမတူလို့ လုပ်တာမတူတယ်။
လုပ်တာမတူလို့ ရောက်တာမတူတယ်။
ဒါဆို အမြင်က ဘယ်ကလာသလဲ?
နံပါတ် ၁ က ပညာ။
စာအုပ်တစ်အုပ်ဖတ်လိုက်ရင်
ကိုယ့်မျက်စိမှာ lens တစ်ခု ထပ်တပ်လိုက်တာ။
ကမ္ဘာကို ကြည့်တဲ့ angle ပြောင်းသွားတယ်။
Marketing မသိခင်
ကိုယ် ပစ္စည်းရောင်းတာ ရောင်းတာပဲမြင်တယ်။
Marketing သိပြီးတဲ့နောက်
လူတွေရဲ့ စိတ်ပိုင်းခြားမှု မြင်လာတယ်။
Psychology မသိခင်
လူတွေဘာလို့ ဒီလိုလုပ်တာလဲ နားမလည်ဘူး။
Psychology သိပြီးတဲ့နောက်
ကိုယ့်ကိုယ်ကိုတောင် ပိုနားလည်လာတယ်။
ပညာတစ်ခုတိုးတိုင်း
ကမ္ဘာက ပိုကျယ်လာတယ်။
နံပါတ် ၂ က SEE။
Significant Emotional Event။
ဘဝမှာ ဟတ်ထိမိတဲ့ အဖြစ်အပျက်တစ်ခု။
ပညာက lens မျက်မှန် ပေးတယ်။
SEE ကတော့ lens ကို အတင်းတပ်ပေးလိုက်တာ။
ငွေကုန်ပြီး လုပ်ငန်းပျက်ဖူးတဲ့သူ
ငွေကို တစ်မျိုးမြင်တယ်။
နာကျင်ဖူးတဲ့သူ
ချစ်ခြင်းကို တစ်မျိုးနားလည်တယ်။
သေစရာနီးဖူးတဲ့သူ
အချိန်ကို တစ်မျိုးတန်ဖိုးထားတယ်။
SEE တစ်ခုဖြတ်တိုင်း
ကိုယ့်အမြင် ပြောင်းသွားတယ်။
တစ်ခါတစ်လေ နာကျင်မှုက
ဆရာအကောင်းဆုံးပဲ။
ဒါကြောင့် အမြင့်ရောက်ချင်ရင်
ကြိုးစားမှုကိုပဲ မပြောင်းနဲ့။
အမြင်ကို ပြောင်းပါ။
ပညာယူပါ။
ဒါမှမဟုတ် ဘဝက သင်ပေးလိမ့်မယ်။
ကိုယ်တိုင်ရွေးခွင့်ရှိတယ်—
ပညာနဲ့ ပြောင်းမလား
ဒါမှမဟုတ် နာကျင်မှုနဲ့ ပြောင်းမလား။
အမြင်ပြောင်းရင် အမြင့်ပြောင်းတယ်။
Phyo Paing @ Derek