လူနှစ်ယောက် အတူတူ ကြည့်တယ်။
တစ်ယောက်က ပြဿနာ မြင်တယ်။
တစ်ယောက်က အခွင့်အလမ်း မြင်တယ်။
မြင်တာ မတူလို့ လုပ်တာ မတူတယ်။
လုပ်တာ မတူလို့ ရောက်တာ မတူတယ်။
ကိုယ် ဘယ်လောက် ကြိုးစားကြိုးစား
ကိုယ့်အမြင်က နိမ့်ရင်
ကိုယ့်အမြင့်က နိမ့်မှာပဲ။
အမြင်ကျဉ်းတဲ့သူက ရှေ့တည့်တည့်ပဲ မြင်တယ်။
အမြင်ကျယ်တဲ့သူက ဘေးနားကိုပါ မြင်တယ်။
အမြင်စူးရှတဲ့သူက သူများ မမြင်တာကို မြင်တယ်။
ဒါဆို အမြင်ကို ဘယ်လို မြှင့်မလဲ?
လေ့လာပါ။
ကိုယ် မသိတဲ့ နယ်ပယ်ကို ဖတ်ပါ။
ကိုယ်နဲ့ မတူတဲ့ လူတွေနဲ့ စကားပြောပါ။
ကိုယ် သဘောမတူတဲ့ အယူအဆကို နားထောင်ကြည့်ပါ။
လေ့ကျင့်ပါ။
သိတာနဲ့ လုပ်တတ်တာ မတူဘူး။
ဖတ်ပြီးရင် ရေးပါ။ ရေးပြီးရင် သင်ပါ။ သင်ပြီးရင် လုပ်ပါ။
လုပ်မှ ကိုယ့်ဟာ ဖြစ်တယ်။
စမ်းသပ်ပါ။
မှန်မမှန် မသိတာကို မှန်တယ်ဆိုပြီး မယုံပါနဲ့။
ကိုယ်တိုင် စမ်းပါ။ ကိုယ်တိုင် ကျရှုံးပါ။ ကိုယ်တိုင် သင်ခန်းစာ ယူပါ။
စာအုပ်ထဲက knowledge ကို ဘဝထဲက experience နဲ့ ပေါင်းမှ wisdom ဖြစ်တယ်။
အမြင်ကို မမြှင့်ဘဲ အလုပ်ကို မြှင့်ချင်တာ
မျက်မှန် မတပ်ဘဲ ဝေးဝေး ကြည့်ချင်တာနဲ့ အတူတူပဲ။
ကြိုးစားမှု ကို မပြောင်းနဲ့။
အမြင် ကို ပြောင်းပါ။
အမြင်ပြောင်းရင် အမြင့်ပြောင်းတယ်။
Phyo Paing @ Derek