လူတွေနဲ့ ပတ်သက်တဲ့
အမြင်မမှန်ရင်
လူတွေကြောင့် စိတ်ညစ်ရလိမ့်မယ်။
ယောကျာ်းတွေနဲ့ ပတ်သက်တဲ့
အမြင်မမှန်ရင်
ယောကျာ်းတွေကြောင့် စိတ်ညစ်ရမယ်။
မိန်းမတွေနဲ့ ပတ်သက်တဲ့
အမြင်မမှန်ရင်
မိန်းမတွေကြောင့် စိတ်ညစ်ရလိမ့်မယ်။
စီးပွားရေးအမြင်အမှန်ရင်
စီးပွားရေးကြောင့် စိတ်ညစ်ရမယ်။
ဝန်ထမ်းရေးရာအမြင်မမှန်ရင်
ဝန်ထမ်းကြောင့် ထပ်ခါထပ်ခါစိတ်ညစ်ရမယ်။
ငွေကြေးအမြင်မမှန်ရင်
ငွေကြေးကြောင့်အမြဲစိတ်ညစ်ရမယ်။
ကိုယ့်ကိုကိုယ်နားမလည်လို့
အမြင်မမှန်ရင်
ကိုယ့်အကြောင်းကိုယ်စဥ်းစား
လောကကြီးကို အားမရ
အမြဲစိတ်ညစ်ရလိမ့်မယ်။
အမြင်မမှန်ရင် အမြန်မမြင်ဘူး။
မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ က
သိပ်ကို အရေးကြီးတယ်။
Phyo Paing @ Derek