Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အမှတ်တံဆိပ်တစ်ခုတည်ဆောက်တဲ့အခါ
ဘာတွေ လိုအပ်မလဲ

ဒီနေ့ခေတ် ကြော်ငြာတစ်ခုနဲ့တင်
အလုပ်မဖြစ်တော့ဘူး။
အမှတ်တံဆိပ်ဆိုတာ
ယုံကြည်မှုစနစ်တစ်ခုဖြစ်တယ်။

ဘာကြောင့် Adidas မစီးပဲ Nike စီးသလဲ?
ဘာကြောင့် Seattle’s Coffee မသွားပဲ
Starbuck သွားသလဲ?

ဒီအဖြေတွေအတွက် primal branding
စာအုပ်က အချက်ခြောက်ချက်နဲ့
ဖော်ပြထားတယ်။

အောင်မြင်တဲ့ brand တည်ဆောက်ရေး
ဖြစ်စဥ်နောက်ကွယ်မှာ အဆင့်ခုနှစ်ဆင့်ရှိတယ်။
အမှတ်တံဆိပ်တည်ဆောက်ခြင်းဆိုတာ
ideaology တစ်ခုကို
လူတွေရင်ခုန်ပြီး လူအုပ်ကြီးဖြစ်သွားအောင်
လှုပ်နှိုးခြင်း အဆင့်ပဲ။

ကျွန်တော်ကတော့ CCI RSPL
CC Is Rising Star, Professor Levermore.
ဒီလို အတိုကောက်မှတ်ထားတယ်။

၁။ The Creation Story

Apple ဆိုရင် garage ကနေ
Steve Jobs နဲ့ Steve Wozniak
ဘယ်လို စခဲ့တာ။
Nike ဆိုရင်လည်း ‎Phil Knight နဲ့
သူ့ coach Bill Bowerman တို့
ဘယ်လို စခဲ့ကြတာဆိုတဲ့
founding story ရှိတယ်။
Singapore ဆိုရင်လည်း မလေးကခွဲထွက်တော့
လီကွမ်းယူ မျက်ရည်ကျတဲ့ပုံကစလို့
သူ့ရဲ့ စတင်တဲ့ creating story ရှိတယ်။
ဒါကို Black Pink တို့ BTS တို့ကို
ကြည့်ရင်လည်း တွေ့လိမ့်မယ်။

၂။ Creed

လက်ကိုင်ထားတဲ့ နိယာမသဘောတရား
ယုံကြည်ချက်တွေဖြစ်တယ်။
United States ဆိုရင် သူ့နိုင်ငံကို
branding လုပ်တဲ့အခါ
သူ့ founding fathers တွေ ပါသလို
“All men are created equal.
Blacks are equal to whites.
Women are equal to men.”
ဒီလို ယုံကြည်ချက်တွေပါတယ်။
ကုမ္ပဏီရဲ့ mission ကိုထည့်လို့ရတယ်။
ဥပမာ စလုံးဆိုရင်
Where passion made possible
ဆိုတာမျိုးနဲ့ သွားတယ်။
ဒီမှာ လုပ်ငန်းရဲ့ Mission တွေပါနိုင်တယ်။
Google ဆိုလည်း Don’t be evil ဆိုတာ
ကြားဖူးလိမ့်မယ်။

၃။ The Icons

Visual identity လို့ခေါ်တဲ့
logo, color theme, fonts တွေပါသလို
တခြား brand တွေနဲ့ ထူးခြားမှုတွေရှိရမယ်။
ဥပမာ လူတကာ နားကြပ်အမဲတွေထုတ်နေချိန်
Apple က အဖြူထုတ်တဲ့အခါမျိုး၊
MP3 ခလုတ်တွေအများကြီးမှာ
iPod Classic မှာ အဝိုင်းနဲ့သွားတာမျိုး
ဒီ design, color, style တွေကလည်း
အရေးကြီးတယ်။

၄။ The Rituals

People like us do this ဆိုသလိုပေါ့။
Rolex ကို ကြိုက်တဲ့သူတွေက
ဘယ်လို လုပ်လေ့ရှိတယ်။
Coffee တကယ်ကြိုက်တဲ့သူတွေက
ဘယ်လိုလုပ်လေ့ရှိတယ်။
ဒါလိုလုပ်လေ့လုပ်ထရှိတာကို
Rituals လို့ခေါ်တယ်။
Active engagement ဖြစ်ဖို့ဆို
Harley Davidson စီးတဲ့
လူလတ်ယောကျာ်းသားအများစုက
စုပြီး ဝတ်စုံအပြည့်နဲ့ ဆိုင်ကယ်စီးတာမျိုး
လုပ်ကြတာကလည်း rituals ပဲ။
အနောက်တိုင်းမှာဆို အနုပညာ၊
အတွေးအခေါ်တွေကို မျှဝေလို့ရတဲ့
burning man လို event မျိုးတွေတွေ့လိမ့်မယ်။

၅။ Pagan or non-believer

Us vs Them စိတ်ပညာဖြစ်တယ်။
အရင် Steve Jobs လက်ထက်က
iPhone Vs Android ဆို group နှစ်ခုခွဲပြီး
Android တွေကို သူခိုးဆိုပြီး
အဖွဲ့တွေ ကွဲငြင်းပြီး marketing လုပ်သွားတယ်။

Jack Ma ဆိုရင်လည်း Amazon လို
လက်ဝါးကြီးအုပ်၊ SME တွေရဲ့ရန်သူမဟုတ်ဘူး။
Alibaba က SME တွေကို ကူညီပေးတာ
ဆိုပြီး Us Vs Them စိတ်ပညာအသုံးပြုတယ်။

၆။ The Scared Words

Bigly ဆိုတဲ့ စကားလုံးကြားဖူးလိမ့်မယ်။
Donald Trump က ဒါကို တလွဲပြောတာမဟုတ်ဘူး။
စကားလုံးသစ်တွေက branding အတွက်
အရမ်းအရေးကြီးတယ်။
Steve Jobs လက်ထက်ကဆိုလည်း
Insanely great ဆိုတဲ့ စကားလုံးမျိုး၊
Starbucks မှာဆို Tall or Grande ဆိုတဲ့
စကားလုံးမျိုး တီထွင်ခြင်းဟာ
branding အတွက် အရေးကြီးတယ်။
Nike Air, Nike Lab ဒါတွေကလည်း
ဥပမာတွေပဲ။

၇။ The Leader

Virgin, Apple, Nike, Starbucks
အောင်မြင်တဲ့ brand တိုင်းမှာ
ဦးဆောင်တဲ့သူတစ်ယောက်ရှိတယ်။
ဒီ catalyst ဟာ အခရာကျတယ်။
ဥပမာ Howard Schultz
Starbucks ပြန်ရောက်လာပြီး
ပဲ့ကိုင်တဲ့အခါ အရှိန်အဟုန်နဲ့
ပြန်ကြီးလာတာ သတိထားမိကြလိမ့်မယ်။
ဒီ brand တစ်ခုကို တည်ဆောက်တဲ့
ဦးဆောင်သူဟာ ideology ကို
ဖြန့်တဲ့သူ၊ community တည်ဆောက်သူ၊
tribe ဖန်တီးသူဖြစ်တယ်။

Brand တစ်ခုတည်ဆောက်ဖို့
ဒီအချက် ၇ ချက် အရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​