Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အမှတ်တံဆိပ်တည်ဆောက်ခြင်း နှင့် မားကတ်တင်း

အမှတ်တံဆိပ်တည်ဆောက်ခြင်း နှင့် မားကတ်တင်း

မားကတ်တင်းဆိုတာကတော့ ကိုယ့် ကုမ္ပဏီ၊ ကိုယ့်လုပ်ငန်းအကြောင်း ကိုယ်သိစေချင်တဲ့လူတွေသိပြီး ကြွေအောင် ထုတ်ဖော်ပြသပေးတဲ့ လုပ်ငန်းစဥ်ပဲ။ တချို့ကကြွေအောင်အရင်မလုပ်ပဲ ရေဆာနေချိန် ရေရောင်းဖို့ စဥ်းစားကြတယ်။ ဒါက စျေးကွက်လိုအပ်ချက် အရမ်းကောင်းနေတဲ့အချိန် အဆင်ပြေနိုင်တယ်။ ဒါပေမယ့် ရေရှည်အတွက်ကတော့ raving fans တည်ဆောက်ဖို့လိုတယ်။ ဒီနေ့ခေတ် တစ်ကမ္ဘာလုံးကလဲ Fans Economy ပိုင်းကိုသွားနေတယ်။ ကုန်ပစ္စည်းထုတ်လုပ်နေဆိုတာ တဖြည်းဖြည်းနဲ့ commodity ဆန်လာတယ်။ ထုတ်လုပ်တဲ့သူက စားသုံးနိုင်တာထက် ပိုထုတ်နိုင်တဲ့ အဆင့်တဖြည်းဖြည်း ရောက်လာတယ်။ ဒီတော့ branding နဲ့ marketing က အရင်ကထက် ပိုအရေးကြီးလာတယ်။

၁။ Marketing ဆိုတာ ဘာလဲ။ Sales နဲ့ ဘာကွာသလဲ။

Marketing ရဲ့ တာဝန်က Sales ကို လွယ်ကူအောင်လုပ်ပေးတာဖြစ်တယ်။ Marketing ရဲ့ တာဝန်က ကိုယ့်ဖောက်သည်တွေရဲ့ လိုအပ်ချက်နဲ့ စိတ်ဆန္ဒကို နှစ်ဦးနှစ်ဖက် အကျိုးရှိရှိ ဖြည့်ဆည်းပေးတာလို့ ဆိုခဲ့ကြတယ်။ လူတွေ လိုအပ်တာ၊ လိုချင်တာတွေက အမြဲအပြောင်းအလဲဖြစ်နေတဲ့အတွက် ဒီ definition က ပိုပိုပြီး ကျယ်ပြန့်လာတယ်။

မားကတ်တင်းဆိုတာ သတင်းအချက်အလက်ကို ပြန့်အောင်လုပ်တဲ့ game တစ်ခုဖြစ်တယ်။ ဒီလို ပြန့်အောင် ကြော်ငြာတွေလုပ်ကြတယ်။ လူတွေဝယ်ချင်အောင် promotion တွေလုပ်ကြတယ်။ မသိသေးတဲ့သူတွေဆီသွား မိတ်ဆက်ပြီးရောင်းချမှုမျိုးလုပ်ခဲ့ကြတယ်။ တစ်ဆင့်စကားတစ်ဆင့်နားပြန့်အောင် ကိုယ့်လုပ်ငန်းအကြောင်း ပြောပေးပါအုံးဆိုတဲ့ခေတ်ကနေ check-in ဝင်ရင် ဘာ promotion ပေးမယ်ဆိုတာမျိုး၊ ကိုယ့်ဝက်ဝက်ကွဲ ပုရိသတ်တွေပျော်အောင် ပွဲတွေ စီစဉ်ပေးတာမျိုးပါလုပ်ကြတယ်။ ဒီနေ့ခေတ်မှာ နည်းပညာတိုးတက်မှုနဲ့အတူ နည်းလမ်းတွေ အများကြီးပေါ်ပေါက်လာတယ်။

ဘယ်လို ကုန်ပစ္စည်းမျိုးထုတ်ရမလဲ။ ဘယ်လို လူကိုရောင်းရမလဲ။ စျေးနှုန်းဘယ်လောက်သတ်မှတ်ရမလဲ။ ကိုယ့်လုပ်ငန်းနဲ့ တခြားလုပ်ငန်းတွေကို ခွဲခြားသိမြင်နိုင်ဖို့ နာမည်ပေးရတယ်။ logo ဆွဲတယ်။ Typeface သတ်မှတ်တယ်။ အသုံးပြုနေကျ အမှတ်တံဆိပ်ကာလာ သတ်မှတ်တယ်။ ဒါတွေကို brand identity လို့ခေါ်တယ်။ ကိုယ်ဖန်တီးထားတဲ့ ပုံရိပ်အတိုင်း ဖောက်သည်တွေ ရင်ထဲရောက်အောင် လုပ်ဆောင်တဲ့ ဖြစ်စဉ်ကို branding လို့ခေါ်တယ်။

၂။ မားကတ်တင်းကို ဘယ်မှာအသုံးပြုသလဲ?

Marketing ပညာဆိုတာ လေးနက်တယ်။ စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ Non-profit အကုန်မှာ သုံးတယ်။ Make America Great Again တို့၊ Brexit ရဲ့ Let’s take back control တို့၊ ဒီလို slogan တွေက marketing မှာ message လို့ခေါ်တယ်။ Marketing သမားတစ်ယောက် တော်မတော် ဆိုတာ သူ့အိုင်ဒီယာ ဘယ်နှစ်လုံးကို branded ဖြစ်အောင် လူတွေ မှတ်မိအောင်၊ သူ၊ သူ့ organization နဲ့တွဲမိအောင် လုပ်နိုင်လဲနဲ့ ကြည့်တယ်။

Namewee လို Malaysia တရုတ် rapper ဆို သူ့ target audience ကို အရှေ့တောင် အာရှသားတွေ ထားပြီး မင်္ဂလာပါ သီချင်းနဲ့ မြန်မာပြည်သူတချို့ရဲ့ အချစ်တွေကို ယူသွားခဲ့တယ်။ ဒါက marketing ပညာရပ်ပဲ။

၃။ Absurdity and Marketing

ဘာကြောင့် အီလွန်မက်က သူ့ကား Telsa Roadster ကို $200,000 လောက် ကုန်ကျတဲ့ ကားကို အာကာသထဲပို့လိုက်ပြီး တစ်ကမ္ဘာလုံးရဲ့ သတင်းတွေမှာ လူသန်းရာပေါင်းများစွာတွေ့အောင်လုပ်ပြီး breaking news ဖြစ်အောင်လုပ်ပြီး Tesla ရဲ့ပေးချင်တဲ့ အမှတ်တံဆိပ်မတ်ဆေ့နဲ့ အမှတ်တံဆိပ် ကိုယ်ရည်ကိုယ်သွေးလူတွေမှတ်မိ၊ ပြောဆိုအောင်လုပ်ခဲ့တယ်။ မဆိုင်တာကို ဆိုင်အောင်လုပ်တတ်တာလဲ မားကတ်တင်းအတတ်ပညာဖြစ်လာတယ်။

၄။ မားကတ်တင်းဆိုတာ အထာပဲ။

LV သွားဝယ်ရင် အိတ်ကို လက်ဗလာနဲ့ မကိုင်ဘူး။ လက်အိတ်စွပ်ပြီးကိုင်တယ်။ ဒီအတိုင်း ကောင်တာပေါ်မချဘူး။ Tray ပေါ်တင်ပြီးမှ ချတယ်။ Item လို့မသုံးဘူး။ Collection ဆိုတဲ့ စကားလုံးသုံးတယ်။ စျေးလျော့မလားလို့ ဘယ်သူမှမပေးဘူး။ မရောင်းရရင် ဖျက်စီးလိုက်တယ်။ ဒစ်စကောင့်မပေးဘူး။

Luxury ဆိုတာရောင်းတဲ့အခါ Brand မှာ အထာလေးတွေ ရှိတယ်။ Apple ဘယ်တော့မှ ကောင်မလေးတွေ Promo တွေခေါ်ပြီး ဆိုင်ရှေ့မှာ ကတာလုပ်တာ မတွေ့ဖူးဘူး။ လော်စပီကာအကျဲကြီးနဲ့အော်ပြီး စျေးတွေချတာ မလုပ်ဘူး။

လုပ်ငန်းတိုင်းမှာ အထာလေးတွေရှိတယ်။ ကိုယ့်လုပ်ငန်းအထာက ကိုယ်ဆက်သွားမည့် ရည်မှန်းချက်ပန်းတိုင်နဲ့ ကိုက်သလား။ စျေးကြီးတိုင်း luxury brand မဖြစ်ဘူး။ Brand တိုင်းမှာ အထာလိုတယ်။ စျေးကြီးမှ brand ဖြစ်တာလဲမဟုတ်ဘူး။

၅။ လုပ်ငန်းတိုင်းမှာ ကိုယ်တိုင်ရဲ့ အထာလိုတယ်။

နာမည်မကြီးခင်ကတည်းက ကိုယ့် brand ရဲ့ရပ်တည်ချက်ကို သေချာသိဖို့လိုတယ်။ သူများတွေလုပ်တိုင်း လိုက်မယောင်မိဖို့လိုတယ်။ ကိုယ့်အထာနဲ့ကိုယ်။

၆။ Content Marketing

Content marketing ဆိုတာ ပြဿနာဖြေရှင်းခြင်းပဲ။ ဘယ်သူ့ပြဿနာလဲ။ ကိုယ့်စာဖတ်သူပြဿနာ။ ဒီတော့ ကိုယ့်ဖောက်သည် ကြုံတွေ့နေရတဲ့ပြဿနာတွေက ဘယ်တွေလဲ။ ပြဿနာက level သုံးခုကြောင့် ကြုံရတတ်တယ်။

Conceptual Problems
အယူအဆအပိုင်း။ ဥပမာ Social Media ကို အထင်ကြီးအောင််လုပ်တဲ့ platform လို့မြင်နေရာကနေ Social Media ဆိုတာ စကားပြော platform “conversation platform” လို့ မြင်အောင် ပြောပြပေးလိုက်တဲ့အခါ သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာအများစု ပျောက်သွားမယ်။

Human Problems
ပြဿနာအများစုက ကိုယ့် အယူအဆကို လူတွေနားလည် လက်ခံအောင် မပြောနိုင်၊ မသိမ်းသွင်းနိုင်တဲ့အတွက်ဖြစ်တဲ့ ပြဿနာ။

Technical Problems
ဒါကတော့ လုပ်ရင်းကိုင်ရင်းဖြစ်တဲ့ ပြဿနာလေးတွေ။ ဥပမာ Facebook policy လေးနဲ့ငြိနေလို့ ဘယ်လို လုပ်ရမလဲ။ Content Marketing လုပ်တဲ့အခါ ကိုယ့် content တွေက ဘယ်ပြဿနာကို ဖြေရှင်းနေတာလဲ သေချာ သိဖို့လိုတယ်။

၇။ Marketing & Management

Marketing ကောင်းရင် ကိုယ်ပေးချင်တဲ့ မက်ဆေ့ကို လူအများအများသိအောင် လုပ်ဆောင်နိုင်တယ်။ Management ကောင်းရင် လူအများကြီးအသုံးပြုပြီး ကိုယ့်လုပ်ငန်းရည်မှန်းချက်ပန်းတိုင်ရောက်အောင် မြန်မြန် လုပ်နိုင်တယ်။ ဒါပေမယ့် ဒီနှစ်ခုစလုံးကျွမ်းကျင်ဖို့ဆိုတာ တော်တော်လေးမလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ ပုံစံမတူလို့။

Marketing က ဖန်တီးမှု Creativity ကိုအသားပေးတယ်။ မတူညီတဲ့ အိုင်ဒီယာတွေကို ပေါင်းစပ်ပြီး ဘိတ်သိတ်ဖို့ ဘိတ်သုကာပညာ အမြင်ပြောင်း အတတ်ပညာတစ်ခုပဲ။ Management ကျတော့ Control လို့ခေါ်တဲ့ ထိန်းချုပ်မှုအသားပေး။ အတိတ်ကိုကြည့်ပြီး ထိန်းချုပ်မှုကိုသွားတယ်။ သတ်မှတ်ထားတဲ့ စည်းနဲ့ဘောင်နဲ့အတွင်းမှာ ပြီးအောင် မူဝါဒတွေ၊ လုပ်ငန်းစဥ်တွေနဲ့သွားတယ်။

ဒါကြောင့် ကုမ္ပဏီကြီးတွေက သူတိ့ မားကတ်တင်း ကုမ္ပဏီတွင်း in-house အပြင် အပြင် ကျွမ်းကျင် agency တွေနဲ့ အလုပ်လုပ်ကြတာ သိကြလိမ့်မယ်။ ကိုယ့်လုပ်ငန်းမှာ အောင်မြင်ဖို့ ကျွမ်းကျင်မှုတွေ အများကြီးလိုတယ်။ အဲ့ထဲမှာ ကုမ္ပဏီကြီးတွေက ကုမ္ပဏီတွင်း in-house အပြင် အပြင် ကျွမ်းကျင် agency တွေနဲ့ အလုပ်လုပ်ကြတာ သိကြလိမ့်မယ်။

ကိုယ့်လုပ်ငန်းမှာ အောင်မြင်ဖို့ ကျွမ်းကျင်မှုတွေ အများကြီးလိုတယ်။ အဲ့ထဲမှာ ကျွန်တော်စဥ်းစားမိတဲ့ scale ချဲ့ထွင်လို့ရတဲ့ leverage အသုံးချလို့ရတဲ့ ကျွမ်းကျင်မှုက Marketing နဲ့ Management ပဲ။

Phyo Paing @ Derek

Phyo Paing @ Derek

Share Your Idea!​