စိတ်ပိုင်းဆိုင်ရာအရ
မရှိဘဲမနေနိုင်တာကို
အချစ်လို့ခေါ်ကြတယ်။
ဘေးနားမှာရှိရင်ရှိမယ်။
အတွေးထဲမှာ ရှိရင်ရှိမယ်။
လူတွေကို ချစ်လို့ရတယ်။
အရာဝတ္ထုတွေကိုချစ်လို့ရတယ်။
တိရစ္ဆာန်လေးတွေကိုချစ်လို့ရတယ်။
ဝါဿနာတွေကို ချစ်လို့ရတယ်။
အစားအစာတွေကို ချစ်လို့ရတယ်။
တချို့က အချစ်တွေရှားတယ်။
တချို့က အချစ်တွေများတယ်။
တချို့က ဒီအလုပ်တစ်ခုတည်းကိုချစ်တယ်။
တချို့က အလုပ်တွေ အများကြီးကိုချစ်တယ်။
တချို့က ဝါဿနာပါတာ တစ်ခုတည်း။
တချို့က ဝါဿနာပါတာ အများကြီး။
ရင်ခုန်တာမရှိရင် မနေနိုင်သူအတွက်
ရင်ခုန်မှုပေးတာက အချစ်။
လုံခြုံတာကြိုက်တဲ့သူအတွက်
လုံခြုံတာပေးနိုင်တာကအချစ်။
အမှတ်တံဆိပ်တည်ဆောက်တယ်ဆိုတာ
ကိုယ့်အမှတ်တံဆိပ်ကို ချစ်အောင်လုပ်တာ။
ကိုယ့်ပရိသတ်တွေ ကိုယ့်အမှတ်တံဆိပ်
မရှိဘဲ မနေနိုင်အောင်လုပ်တာ။
မစဥ်းစားဘဲ မနေနိုင်အောင်လုပ်တာ။
Phyo Paing @ Derek