Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အမှားလုပ်ချင် လူတိုင်းစကားနားထောင်။

၂၀၁၃ မှာ အစ်မတစ်ယောက်က
ဖြိုးပိုင် နင်တစ်ရက်တစ်ရက်
Facebook မှာ တင်နိုင်တယ်နော်တဲ့။
ဘာတွေ လျှောက်တင်လဲမသိဘူးတဲ့
MBA အတန်းမှာ။

၂၀၁၆ ဂျန်နဝါရီလကျတော့
ဖြိုးပိုင်နင့်သင်တန်းကျောင်းက
ဖွင့်တာမှ ခြောက်လပဲရှိသေးတယ်
ကျောင်းသား ၅၀၀ ကျော်ဆိုတော့
ကံကောင်းတယ်နော်တဲ့။

အခုကျတော့
ကိုယ်တိုင်အေအိုင်လုပ်ဖို့လွယ်လားတဲ့။

အစ်မကြီး ဒါ ဆယ်နှစ်ကျော်ရေးထားတဲ့စာနဲ့
ကိုယ့် model မော်ဒယ်ကို train ထားတာလို့။

ကျွန်တော်တို့ ဖြစ်ချင်တာတွေမတူဘူး။
အနာဂတ်အမြင်တွေ မတူဘူး။​
မဟာဗျူဟာတွေမတူဘူး။​

အရေးအကြီးဆုံးက
ကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။

တခြားသူတစ်ယောက် လုပ်နေတဲ့
ကိုယ့်အတွက် အဓိပ္ပာယ်မရှိတဲ့အရာက
သူ့အတွက် တည်ဆောက်နေတဲ့
Puzzle ထဲက တစ်စိတ်တစ်ပိုင်းလဲဖြစ်နိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​