အမှိုက်တွေ နေ့တိုင်းရှင်းပါ။
နေ့တိုင်း အကြည်ဓာတ်အပြည့်နဲ့
အလုပ်လုပ်ဖို့ဆိုတာ
အမှိုက်တွေ နေ့တိုင်းရှင်းနိုင်ဖို့လိုတယ်။
လူတွေက သိလိုက်သည်ဖြစ်စေ၊
မသိလိုက်သည်ဖြစ်စေ
သူတို့ အမှိုက်ကို ဘေးနားလူတွေကို
သွားပစ်တတ်ကြတယ်။
လူမှုကွန်ယက်မှာပဲဖြစ်ဖြစ်၊
အပြင်မှာပဲ ဖြစ်ဖြစ်
ဒီအမှိုက်တွေကို သိသိသာသာတစ်ကြောင်း၊
မသိမသာ တစ်ကြောင်း ပစ်တဲ့အခါ
ကိုယ်က အမှုမဲ့၊ အမှတ်မဲ့နေရင်
အမှိုက်တွေက ကိုယ့်ဆီပါလာမယ်။
အနံ့နံလာမယ်။
လေးလံထိုင်းမှိုင်းလာမယ်။
ဒီနေ့ နေ့တိုင်း အဲ့အမှိုက်တွေကို
ပြန်လည်ခြေဖျက်စွန့်ပစ်ဖို့လိုနိုင်တယ်။
ဒါကြောင့် နေ့တိုင်း
ကိုယ့်အတွေးတွေကို ချရေးခြင်းအားဖြင့်
သတိနဲ့ ဘယ်အရာက အမှိုက်၊
ဘယ်အရာက အမိုက်၊
ဘယ်အရာက အကြိုက်ဆိုတာ သိနိုင်တယ်။
နေ့တိုင်း မေတ္တာပွားများခြင်းဖြင့်
လူတွေကို ခွင့်လွတ်ပြီး
အမှိုက်ခြေဖျက်လို့ရနိုင်တယ်။
နေ့တိုင်း တရားထိုင်ခြင်းဖြင့်
အမှိုက်တွေကို ခြေဖျက်လို့ရတယ်။
Phyo Paing @ Derek