ဘေးလူတွေမသိနိုင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်
အရည်အချင်းဆိုတာ
ပြဿနာတွေဖြေရှင်းရင်းနဲ့မှ ဖြစ််လာတာပါ။
လုပ်ငန်းတစ်ခု အောင်မြင်ဖို့၊
နယ်ပယ်တစ်ခုမှာ နေရာတစ်ခုရဖို့
အရမ်းလွယ်တယ်လို့
ဘေးကကြည့်ပြီး ထင်ကောင်းထင်လိမ့်မယ်။
နယ်ပယ်တစ်ခုမှာ
နေရာတစ်ခုရောက်နေတဲ့လူတွေဟာ
အားရင် သူတို့ခေါင်းထဲမှာ သူ့လုပ်ငန်း၊
သူ့နယ်ပယ်အကြောင်းပဲ တွေးနေတာ
ဘေးလူတွေ သတိမထားမိတတ်ကြဘူး။
ရေချိုးရင်း အိုင်ဒီယာရလို့
ချက်ချင်းပြေးလုပ်တာတွေ
ဘေးလူတွေ သိချင်မှ သိမယ်။
ပြဿနာပေါင်းသောင်းခြောက်ထောင်ကို
လက်လျှော့လိုက်ရင်ကောင်းမလားဆိုပြီး
ကိုယ့်ကိုယ်ကိုယ် ဒွိဟဖြစ်တာတွေ၊
ငြင်းခုန်မှုတွေကို ကျော်လွန်ဖို့
အပြင်းအထန် ကြိုးစားရတာတွေ
ဘေးလူတွေ သိချင်မှသိမယ်။
နယ်ပယ်တစ်ခုမှာ လူရိုသေရှင်ရိုသေဖြစ်ဖို့
စတေးရတဲ့အရာတွေ၊ ပေးဆပ်မှုတွေကို
ဘေးလူတွေ နားလည်ချင်မှ နားလည်မယ်။
ရှေ့ဆုံးက ပြေးနေနိုင်ဖို့၊
မရှိသေးတဲ့အရာတွေရှိဖို့၊
ရှိပြီးသားအရာတွေ တည်တံ့ဖို့၊
တည်တံ့ပြီးသားအရာတွေ ဆပွားတိုးတက်ဖို့
အမြဲ အကြံထုတ်နေရတာ
တခြားသူတွေ သိချင်မှ သိမယ်။
တချို့အချိန်တွေမှာ
တချို့ပြဿနာတွေကို သိပေမယ့်
မသိသလို လျစ်လျူရှုစောင့်ကြည့်ရတဲ့
စိတ်ရှည်မှုမျိုး ထားရတဲ့အချိန်တွေ ရှိတာ
တခြားသူတွေ သိချင်မှ သိမယ်။
သူကတော်လို့၊ IQ ကောင်းလို့၊
ဘာလို့၊ ညာလို့ဆိုတာ
ရာခိုင်နှုန်း အနည်းငယ်ပါ။
တကယ်တမ်း resilience ဖြစ်ဖို့ ကြံ့ကြံ့ခံဖို့
အာရုံစိုက်မှု focus နဲ့
patience စိတ်ရှည်မှုတွေဟာ
လုပ်ငန်းရှင်တစ်ယောက်အတွက်
အရမ်း အရေးကြီးတဲ့ အချက်တွေဖြစ်တယ်။
AkyanPay.com
ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay