အရည်အချင်းဆိုတာ
ပြဿနာတွေဖြေရှင်းရင်းနဲ့မှ ဖြစ််လာတာ။
လုပ်ငန်းတစ်ခု အောင်မြင်ဖို့၊ နယ်ပယ်တစ်ခုမှာ
နေရာတစ်ခုရဖို့ အရမ်းလွယ်တယ်လို့
ဘေးကကြည့်ပြီး ထင်ကောင်းထင်လိမ့်မယ်။
နယ်ပယ်တစ်ခုမှာ နေရာတစ်ခုရောက်နေတဲ့လူတွေ
အားရင် ခေါင်းထဲ သူ့လုပ်ငန်း၊ နယ်ပယ်အကြောင်းပဲ
တွေးနေတာ ဘေးလူတွေ သတိမထားတတ်မိကြဘူး။
ရေချိုးရင်းအိုင်ဒီယာရလို့ ချက်ချင်းပြေးလုပ်တာတွေ
ဘေးလူတွေ သိချင်မှ သိမယ်။
ပြဿနာပေါင်းတစ်သောင်းခြောက်ထောင်ကို
အစပိုင်းမှာ လက်လျှော့လိုက်ရင်ကောင်းမလား
ကိုယ့်ကိုကိုယ် ဒွိဟတွေနဲ့ ငြင်းခုန်မှုတွေကို
ကျော်လွန်ဖို့ အပြင်းအထန်ကြိုးစားရတာ
ဘေးလူတွေ သိချင်မှသိမယ်။
နယ်ပယ်တစ်ခုမှာ လူရိုသေရှင်ရိုသေဖြစ်ဖို့
စတေးရတဲ့အရာတွေ၊ ပေးဆပ်မှုတွေကို
ဘေးလူတွေ နားလည်ပေးချင်မှ နားလည်မယ်။
ရှေ့ဆုံးက ပြေးနေနိုင်ဖို့ မရှိသေးတဲ့အရာတွေရှိဖို့၊
ရှိပြီးသားအရာတွေ တည်တံ့ဖို့၊
တည်တံပြီးသားအရာတွေ ဆပွားတိုးတက်ဖို့
အမြဲ အကြံထုတ်နေရတာ တခြားသူတွေ
သိချင်မှ သိမယ်။
တချို့အချိန်တွေမှာ တချို့ပြဿနာတွေကို
သိပေမယ့် မသိသလို လျစ်လျူရှုစောင့်ကြည့်တဲ့
စိတ်ရှည်မှုမျိုးတွေ ထားရတဲ့အချိန်တွေရှိတာ
တခြားသူတွေ သိချင်မှ သိမယ်။
သူကတော်လို့၊ IQ ကောင်းလို့၊ ဘာလို့၊ ညာလို့ဆိုတာ
ရာခိုင်နှုန်း အနည်းငယ်ပါ။
တကယ်တမ်း resilience ဖြစ်ကြံ့ကြံ့ခံဖို့၊
အာရုံစိုက်မှု focus နဲ့ patience စိတ်ရှည်မှု
အရမ်းအရေးကြီးတဲ့ အချက်တွေဖြစ်တယ်။
Phyo Paing @ Derek