ကျွန်တော်စဥ်းစားတဲ့ပုံစံက
ဒီနေ့လုပ်နေတဲ့အလုပ်တိုင်းက
မနက်ဖြန်လုပ်မည့်အလုပ်တွေအတွက်
ပြင်ဆင်ပေးရမယ်။
အချိန်ခြွေတာပေးရမယ်။
နေ့တိုင်း စာရေးတယ်။
အထင်အမြင်တိုင်းကို
ဘယ်လိုလူတွေက ဘယ်လိုတုန့်ပြန်လဲ
စမ်းသပ်လေ့လာတယ်။
မြန်မာစကားပြော community ရဲ့
တွေးခေါ်ပုံ၊ ယုံကြည်ပုံ၊
တုန့်ပြန်ပုံတွေလေ့လာတယ်။
ဒီအချက်အလက်တွေက
အနာဂတ် ကိုယ်လုပ်ချင်တဲ့အရာအပေါ်
အများကြီး အထောက်အကူပြုလာမယ်လို့
လုံးဝ ယုံကြည်ထားတယ်။
နောက်စာသင်တယ်။
ဟောပြောတယ်။
လူတွေရဲ့ response လုပ်ပုံ
ဖြစ်သွားတဲ့ အပြောင်းအလဲလေ့လာတယ်။
ဒါတွေအတွက် insight တွေအကုန်
မှတ်ထားတယ်။
နောက်ပြီး ဒါတွေကလဲ ကိုယ့်အတွက်
ကိုယ့် စကေးကို နောက်တစ်ဆင့်ရောက်စေမယ့်
အလုပ်တွေပဲ လို့ ခံယူထားတယ်။
စာဖတ်တယ်။ တွေးတယ်။ လုပ်ကြည့်တယ်။
နေ့တိုင်း ပြဿနာအသစ်တွေဖြေရှင်းတယ်။
ဒါအရာတွေက နောက်လာမည့်
ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သုံးဆယ်အထက်မှာ
ကိုယ်လုပ်ချင်တဲ့ အရာတွေကို
အထောက်အကူလုံးဝ ပြုလိမ့်မယ်လို့
ယုံကြည်ထားတယ်။
ကျွန်တော်တို့ ရွေးချယ်ထားတဲ့
category မှာ ကျွန်တော်တို့
အကျွမ်းကျင်ဆုံး၊ အသိဆုံးဖြစ်ရမယ်။
ဒီနေ့လုပ်တဲ့အလုပ်က
ခုစီးနေတဲ့ ကား၊ နေနေတဲ့အိမ်၊
ခုချိန် အသိမှတ်ပြုခံရဖို့ထက်
အများကြီးပိုတယ်။
ဘယ်ထိသွားနိုင်လဲဆိုတာ သိဖို့အတွက်
ဒီနေ့အတွက်ပဲ အလုပ်လုပ်နေလို့မရဘူး။
နောက်လာမည့် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊
သုံးဆယ်အထက် ဘာတွေဖြစ်မနေမလဲ
စိတ်ဝင်စားဖို့ကောင်းတယ်။
ဝေးဝေးပြေးနိုင်ဖို့ ကျန်းမာရေး၊
စိတ်ဓာတ်၊ လုပ်ရပ်၊ အရာရာကို
serious ထားတယ်။
ကိုယ့်မှာ အခိုင်မာဆုံးက စိတ်ဓာတ်၊
အရှည်ဆုံးက ဇွဲ၊
အမြန်ဆုံးက လုပ်ရပ်၊
အမြဲမေးတဲ့မေးခွန်းက
ဒီကနေ ဘာသင်ခန်းစာရလိုက်သလဲ၊
ဒါကို အကောင်းဆုံးဘယ်လိုအသုံးချမလဲ။
ဆယ်နှစ်ဆိုတဲ့ အချိန်က သေချာလုပ်ရင်
လူတိုင်းကို ကောင်းကောင်းကွာသွားစေတာ
လုံးဝ ယုံကြည်ထားတယ်။
Phyo Paing @ Derek