မနက်ဖြန် ဆက်ရန်
ခရီိးတွေအတွက်
ကိုယ့်ကိုကိုယ်
အပြောင်းအလဲလုပ်ရင်း
တန်ဖိုးထားမှုတွေ
ပြောင်းသွားတယ်။
ခံယူချက်တွေပြောင်းသွားတယ်။
လောကအမြင်ပြောင်းသွားတတ်တယ်။
လူတွေ အရင်ကိုယ့်ကို
မမှတ်မိတော့ဘူး။
အရင်ကိုယ့်ကို
သဘောကျတဲ့သူ
သဘောမကျတော့ဘူး။
အရင်မသိတဲ့သူတွေနဲ့
သိလာတယ်။
အရင်မကြုံဖူးတဲ့
အတွေ့အကြုံတွေကြုံဖူးလာတယ်။
ကိုယ့်ရဲ့ပြောင်းလဲမှုဖြစ်စဥ်တိုင်းက
ညင်သာနေမှာတော့မဟုတ်ဘူး။
မြွေတွေလိုပဲ အရေခွံတွေ
လဲနေရတယ်။
မြွေတွေ အရေခွံမလဲရင်
သူ့ရဲ့ကြီးထွားမှုကို ထိခိုက်စေတယ်။
အရေခွံလဲသင့်ရင် လဲပါ။
Phyo Paing @ Derek