ဖောက်သည်ဝန်ဆောင်မှုပေးတဲ့သူတစ်ယောက်ကလဲ
ဖောက်သည်နဲ့မတွေ့ခင် role play တွေ
အကြိမ်ကြိမ်အခါခါ လုပ်ရတယ်။
အရောင်းသမားတစ်ယောက်ကလဲ
ရောင်းချခြင်းစနစ်ထဲမှာသွားဖို့
မင်္ဂလာပါအစ်ကို၊ အစ်မကစလို့
ဝယ်ပြီး ပြန်တဲ့အထိ စနစ်တကျသွားရတယ်။
ဒီလိုတွေဖြစ်အောင် လုပ်ငန်းတွင်း၊
လုပ်ငန်းပြင်ပ Trainer တွေခေါ်ပြီး
သင်တန်းပေးကြတယ်။
ဘာကြောင့်လဲ?
စနစ်ကျအောင်၊ စံမိဖို့စီမံခန့်ခွဲမှုကောင်းအောင်။
အရောင်းသမားတွေတောင်
ပလန်နဲ့ စနစ်တွေလုပ်နေရင်
လုပ်ငန်းကြီးကို ဦးဆောင်နေတဲ့
မန်နေဂျာ သို့မဟုတ် လုပ်ငန်းရှင်က
ပလန်နဲ့ စနစ်လိုမလား
စဉ်းစားကြည့်ရင် သိနိုင်တယ်။
ကုန်ပစ္စည်းတွေမှာတဲ့အခါ
Inventory Planning လိုမယ်။
ကုန်ပစ္စည်းတွေပြန်စစ်ဖို့
စနစ်လိုမယ်။
အလိုလိုပေါက်တာ မြက်ပင်ပဲရှိတယ်။
ပလန်နဲ့ စနစ်မလိုရင်
မန်းနေ့မန့်ဆရာတွေလဲ မလိုတော့ဘူး။
ဒီရက်ပိုင်းလုပ်ဖြစ်တဲ့ Training တွေပြီးတော့
စဉ်းစားမိတာလေးများ။
Phyo Paing @ Derek