Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အရေးကြီးဆုံးက
တစ်ရက်တာဖြတ်သန်းမည့်ပုံစံ။
လူတိုင်းက ၂၄ နာရီရှိတယ်။

နေ့စဥ်လုပ်ဆောင်နေကျ
လုပ်ရပ်တွေအကုန်လုံးကို
ရည်ရွယ်ချက်ရှိရှိ
ကြိုတင်စီမံထားတာကို
Ritual လို့ခေါ်တယ်။

ဘဝမှာ တစ်သက်၊ တစ်နှစ်၊ တစ်လ၊
တစ်ပတ်၊ တစ်နာရီရှိမယ်။

ဘဝမှာ တစ်နှစ်တစ်နှစ်
ရည်မှန်းချက်ပန်းတိုင်ရှိမယ်။
ဒီပန်းတိုင်အတွက်
လအလိုက် လုပ်ဆောင်မည့်အရာရှိမယ်။
နောက်ဒီအပတ်အတွက် လုပ်ဆောင်မည့်အရာ၊
နောက် တစ်ရက်တာ ဖြတ်သန်းမည့်ပုံစံ။

အရေးကြီးဆုံးက
တစ်ရက်တာဖြတ်သန်းမည့်ပုံစံ။
လူတိုင်းက ၂၄ နာရီရှိတယ်။

၈ နာရီအိပ်၊
ရေမိုးချိုး၊ ထမင်းစား၊
အားကစားလေ့ကျင့်၊
လမ်းမှာအချိန်ကုန်၊
မိတ်ဆွေနဲ့တွေ့က ၈ နာရီလောက်။
အလုပ်က ၈ နာရီဆိုပါတော့။
တကယ်လို့ ကိုယ်တိုင်ရွေးချယ်လို့ရရင်
ဒီ ၈ နာရီမှာ ဘာလုပ်မလဲစဥ်းစားလို့ရမယ်။

ကျွန်တော်စဥ်းစားပုံတစ်ခုက
တစ်ရက်တာကို
ကိုယ့်အတွက် အကောင်းဆုံး
optimize ဖြစ်အောင်
ဘယ်လိုလုပ်မလဲ။

တစ်ရက်တာ ၂၄ နာရီကို
TWR – Train, Work, Recharge
သုံးပိုင်းပိုင်းလိုက်တယ်။

Train လုပ်တဲ့ပိုင်းမှာ
စိတ်အတွက် စာဖတ်၊ တရားထိုင်၊
ပြန်လည်သုံးသပ် journaling လုပ်။
ကိုယ်အတွက်ကတော့ လေ့ကျင့်ခန်းလုပ်။

Work အပိုင်းမှာ ဒီနေ့နဲ့မနက်ဖြန်
ဝင်ငွေရစေမည့်အလုပ်ကို
နေ့စဥ်လုပ်။
တချို့အလုပ်က ဒီနေ့အတွက်ဝင်ငွေ၊
တချို့အလုပ်က မနက်ဖြန်အတွက်ဝင်ငွေ။

Recharge လုပ်တဲ့အပိုင်းမှာတော့
အိပ်စက်အနားယူတာရှိမယ်။
သူငယ်ချင်းတွေနဲ့တွေ့စကားပြောတာရှိမယ်။
အများစုကလဲ business partner တချို့နဲ့တွေ့
ပြောဖြစ်တာလဲ အလုပ်အကြောင်းဆိုတော့
တစ်ချက်ခုတ်၊ နှစ်ချက်ပြန်ပေ့ါ။
ကားမောင်း ကမ်းခြေ၊
တောထဲတောင်ထဲသွားတာ
ဖြစ်ရင်ဖြစ်မယ်။

လူတိုင်း ၂၄ နာရီပဲရှိတာ။
ကိုယ့်ရဲ့စူပါပါဝါ၊
အာရုံကို ဘယ်မှာစိုက်မလဲဆိုတာနဲ့၊
ကိုယ့်လုပ်ရပ်နဲ့ စျေးကွက်နဲ့
ဓာတ်ပြုပြီးရတဲ့ ရလဒ်
ဘယ်လောက်ကောင်းသလဲ
ဒီအချက်က အရေးကြီးတယ်။

နေ့စဥ်ဘဝမှာ ပိုကောင်းတဲ့
ဘဝတည်ဆောက်ဖို့
နေ့စဥ်ရည်ရွယ်ချက်ရှိရှိ
လုပ်ဆောင်တဲ့ Ritual တွေလိုတယ်။

Ritualize Your Life.

Phyo Paing @ Derek

Share Your Idea!​