Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

အရေးကြီးတာ တစ်ရက်တာအတွက်

မနက်ထထလာချင်းမှာ
စိတ်ညစ်စရာတွေ၊ သောကရစရာတွေ
မတွေးခြင်းဖြင့် ကိုယ့်ကိုကိုယ်
ကူညီလို့ရပါတယ်။​

ဒီကာလမှာ ပြည်တွင်းလုပ်ငန်းရှင်
သေး၊ လတ်၊ ကြီး မပြောတာပဲရှိမယ်
အားလုံး အနည်းနဲ့အများ
စဥ်းစားစရာလေးတွေ ရှိတယ်။

အရေးကြီးတာ တစ်ရက်တာအတွက်
မနက်အခါက အရေးကြီးတဲ့အတွက်
စိုးရိမ်စရာတွေဖြစ်တွေဖြစ်တဲ့
ငွေလှဲနှုန်းတွေ၊ လုပ်ငန်းမှာပူပန်မှုတွေ၊
ကိုယ့်သားသမီးနဲ့ ကိုယ့်အနာဂတ်အတွက်
ပူပန်မှုတွေ စဥ်းစားမည့်အစား
မနက်အချိန်က ကိုယ့်ကိုကိုယ်
program လုပ်ရမည့်အချိန်ဖြစ်တယ်လို့
ယူဆပါတယ်။

တရားထိုင်တာ၊ စာဖတ်တာ၊
priming လို့ခေါ်တဲ့ ငါ့ဘဝအတွက်
၁။ ပျော်ရွင်စရာ
၂။ ရင်ခုန်စရာ
၃။ ဂုဏ်ယူစရာ
၄။ ကျေးဇူးတင်စရာ
၅။ ရည်မှန်းချက်ပန်းတိုင်
၆။ နှစ်သက်ပျော်ရွင်ခံစားတဲ့အရာ
၇။ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်ကချစ်တဲ့သူတွေအကြောင်း
စဥ်းစားပုံဖော်ကြည့်ပါ။​

Phyo Paing @ Derek

Share Your Idea!​