ပြိုင်ဖက်တွေကို ချန်ခဲ့ချင်ရင်
တတိယတစ်ခုကို ကြိတ်ကြံဖို့လိုတယ်။
၁။ Key activities
ကိုယ့်လုပ်ငန်းအတွက် မရှိမဖြစ်
အသက်တမျှ အရေးကြီးတဲ့ activities
၂။ Supporting activities
ကိုယ့်ရဲ့ အဓိကလုပ်ဆောင်ချက်တွေကို
အထောက်အပံံ့ပေးမယ့် လုပ်ဆောင်ချက်တွေ
၃။ Strategic activities
တတိယတစ်ခုက မေ့နေတတ်ကြတဲ့အရာတစ်ခု။
ဒါကတော့ မဟာဗျူဟာမြောက် activities ဖြစ်တယ်။
ဥပမာ company တစ်ခုမှာ ရာထူးအပြိုင်တက်ဖို့
ကြိုးစားနေတဲ့ ဝန်ထမ်းနှစ်ယောက်ရှိတယ်ဆိုပါတော့၊
ပုံမှန်အလုပ်လုပ်နေတာက ပထမနှစ်ခု။
အနာဂတ်အတွက် ကြိတ်ကြံ
ကြိုတင်ပြင်ဆင်တာက Strategic activities.
ဒီတတိယတစ်ခုကို ဘယ်လို
execute လုပ်လဲပေါ်မူတည်ပြီး
ရလဒ်တွေကွာသွားတယ်။
လုပ်ငန်းတစ်ခုမှာလဲ အဲ့အတိုင်းပဲ။
Operational effectiveness ကိုပဲပြိုင်နေလို့မရဘူး။
Strategic choice တွေ မှန်ကန်ဖို့လိုတယ်။
Tesla ကိုကြည့်ရင် Electric car company လို့ထင်လိမ့်မယ်။
အနောက်မှာ Robotaxi network ရှိသလို၊
Boring company တို့၊ အရင်
Solar city တို့က အားဖြည့်ထားတယ်။
Xiaomi လို့ပြောလိုက်ရင် သာမာန်
ဖုန်းကုမ္ပဏီလို့ထင်နိုင်ပေမယ့်
iOT ကို ကြိတ်လုပ်ပြီး startup အခုငါးဆယ်ကို
ကြိတ် funding လုပ်ထားတဲ့ Mi Jia ဆိုတာရှိတယ်။
လုပ်ငန်းတိုင်းမှာ အဲ့ဒီဝှက်ဖဲ Strategic activities
ကိုပြင်ဆင်ထားဖို့လိုတယ်။
အမှန်တော့ နေရာတိုင်းမှာပါပဲ။
ကိုယ်က Key Activities နဲ့ Supporting Activities တွေနဲ့ပဲ
ပိတ်မိနေသလား၊ ဒါမှ မဟုတ် Strategic Activities တွေကို
ပုံမှန် လုပ်ဖြစ်နေသလား?
Phyo Paing @ Derek