တန်ရဲ့လား။
အသက်ကြီးလာလို့လားမသိဘူး
နောက်ပိုင်း တစ်ခုခုဆို
တန်ရဲ့လားစဥ်းစားမိတယ်။
တစ်ခုခုကို အာရုံစိုက်တော့မယ်။
ငါအာရုံစိုက်ရမှာနဲ့ တန်ရဲ့လား။
စိတ်ကသိကအောင့်ဖြစ်တော့မယ်။
ငါဒီလိုခံစားရမှာနဲ့ တန်ရဲ့လား။
တစ်ခုခုကို ခေါင်းစားရတော့မယ်။
ငါ ခေါင်းစားဖို့တန်ရဲ့လား။
အလုပ်အသစ်အခွင့်အလမ်းတွေလာပြောတယ်။
ငါပေးရမည့် ငွေ၊ အချိန်၊ အာရုံနဲ့
ပြန်ရမှာနဲ့ တန်ရဲ့လား။
ဒီတန်ရဲ့လားနဲ့ တွက်ချက်တတ်လာတော့
ဘဝက ပိုပြီး အေးဆေးလာတယ်။
အရေးမပါတာကို အရာမပေးဖြစ်တော့ဘူး။
Phyo Paing @ Derek