ဘဝမှာအသက်အရွယ်တစ်ခု
ရောက်လာတဲ့အခါ
ဘာအရေးကြီးလဲ၊
ဘာမအရေးမကြီးဘူးလဲသိလာကြပြီ။
ဘဝမှာ ဘာက အဓိကကျလဲ၊
ဘယ်အရာကအဓိကမကျဘူးလဲသိလာပြီ။
ကျန်းမာရေးအရေးကြီးတယ်။
ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။
ကိုယ့်ရဲ့အားသာချက်အပေါ်အခြေခံပြီး
လုပ်ငန်းတည်ဆောက်ဖို့အရေးကြီးတယ်။
အရေးမပါတာတွေကို လျစ်လျူရှုနိုင်ဖို့
အရေးကြီးတယ်။
ကိုယ်လိုချင်တဲ့ ဘဝနေထိုင်မှုပုံစံ
တည်ဆောက်ဖို့ အရေးကြီးတယ်။
ဒီနေ့ဖတ်ဖြစ်တဲ့စာအုပ်က Essentialism တဲ့။
အဓိက ကျတာတွေကို အဓိကလုပ်ဖို့
အပိုင်းလေးပိုင်း ပိုင်းထားတယ်။
Essence, Explore, Eliminate, Execute တဲ့။
လူတိုင်းရွေးချယ်မှုပြုလုပ်ရတယ်။
ရွေးချယ်ပိုင်ခွင့်ရှိတယ်။
လူတိုင်းမှာ “no” လို့ပြောနိုင်တဲ့
အခွင့်အရေးရှိတယ်။
အခုအလုပ်ကို မကြိုက်ဘူးလား။
“no” လို့ပြောလို့ရတယ်။
ဒီအချက်ကို ကျွန်တော်တို့မေ့နေတတ်တယ်။
ကျွန်တော့်ဘဝမှာလဲ ဒီအချက်ကိုသိတော့
တချို့အရာတွေကို “no” လို့ပြောခဲ့တယ်။
ကိုယ်ဘွဲ့ရတဲ့ဘွဲ့နဲ့ အသက်မွေးတယ်
မမွေးမယ်ဆိုတာ ကိုယ့်ရဲ့ရွေးချယ်မှုပဲ။
ကိုယ်အသုံးပြုမည့် စီးပွားစီမံခန့်ခွဲမှုပုံစံက
ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။
ကိုယ့်လုပ်ငန်းလည်ပတ်ဖို့ စီးပွားရေးပုံစံက
ကိုယ့်ရဲ့ ရွေးချယ်မှုပဲ။
ဒီ ရွေးချယ်မှုပြုလုပ်နိုင်စွမ်းရှိတယ်ဆိုတာ
သိလိုက်တဲ့ အချိန်ကစလို့
ဘဝက ပိုမိုက်လာတယ်။
နောက်တစ်ချက်က အရေးမပါတာတွေကို
အရာမပေးဖို့။
ကိုယ်လိုချင်တဲ့ရလဒ်ရဖို့ ဘာတွေလိုမလဲ။
ဘာတွေ လုံးဝမလိုဘူးလဲ။
ဘာတွေ သိပ်မလိုဘူးလဲ။
မလိုတာတွေဖြုတ်။
ဒီအတွေးအခေါ်နဲ့ပဲသွားတယ်။
အဓိကမကျတာတွေကို ဖြုတ်ထားလိုက်တယ်။
နောက်ဘဝမှာ No တွေအများကြီးပြောရတယ်။
ဒီ trade-off တွေလုပ်ရတယ်။
လူရယ်လို့ဖြစ်လာရင် ပြဿနာရှိမှာပဲ။
ကိုယ်က ဘယ်ပြဿနာကိုဖြေရှင်းဖို့
ရွေးချယ်မလဲက အဓိကကျတယ်။
ဆရာဝန်လုပ်ရင် လူနာရဲ့ရောဂါပြဿနာကို
ဖြေရှင်းပေးရမယ်။
စီးပွားရေးအကြံပေးလုပ်ရင်
လုပ်ငန်းတိုးတက်ရေးအတွက် စိန်ခေါ်မှုကို
ဖြေရှင်းပေးရမယ်။
Which problem do I want? ဒီမေးခွန်း
ပြန်မေးရတယ်။
နောက်ပြီး အရင်ကဆို လူတိုင်းအပေါ်
စေတနာအမြဲထားပြီး အမြဲအားတယ်။
နောက်ပိုင်း အချိန်ကို ကန့်သတ်လိုက်တယ်။
တစ်သက်လုံးတခြားသူတွေ အတွက်
အသက်ရှင်ခဲ့ပြီးပြီ။
ကိုယ့်အတွက်ကိုယ်အသက်ရှင်ရမည့်
အချိန်ရောက်လာပြီ။
ဒါကြောင့် အမြဲမအား available
မဖြစ်တော့ဘူး။
အရေးကြီးတာကို အဓိကအာရုံစိုက်လာတယ်။
ကိုယ့်ကို ပျော်ရွင်ရင်ခုန်စေတဲ့အလုပ်တွေပဲ
ရွေးချယ်လုပ်ကိုင်လာတယ်။
ဘဝဆိုတာ တိုတိုလေးပဲ။
အိပ်ချိန်၊ စားချိန်မှန်မှန်နဲ့
90/10 rule ကို ကျင့်သုံးတယ်။
အရေးအကြီးဆုံး 10% ပဲလုပ်တယ်။
ကိုယ့်ရဲ့ business model ကအစ
အဲ့လို design လုပ်ထားတယ်။
ကိုယ့်တစ်ကိုယ်စာ အသုံးပြုလို့ရမည့်
အိပ်နေလဲ ငွေဝင်မည့်လုပ်ငန်း၊
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတချို့
ဖန်တီးလည်ပတ်ခိုင်းထားလိုက်တယ်။
နေ့စဥ် ပါဝင်ခေါင်းစားစရာမလိုတော့ဘူး။
အခွင့်အလမ်းတိုင်းနောက် မလိုက်တော့ဘူး။
ကိုယ်နဲ့ဆိုင်တဲ့ နယ်ပယ်ထဲကအခွင့်အလမ်းအတွက်ပဲ
အာရုံစိုက်တော့တယ်။
FOMO လို့ခေါ်တဲ့ Fear of missing out
မဖြစ်တော့ဘူး။
ဘာကိုရွေးချယ်ရမလဲသိဖို့
ဘဝမှာ အတွေးရှင်းဖို့လိုတယ်။
Clarity is Power ပဲ။
ကိုယ့်လုပ်ငန်းမှာလဲ ကိုယ့် သမိုင်းပေးတာဝန်
mission ကဘာလဲ သတ်မှတ်ထားတယ်။
လုပ်ငန်းလည်ပတ်မှုမှာ
ခေါင်းခြောက်နိုင်တဲ့အရာမှန်သမျှဖယ်ထားတယ်။
အလုပ်လုပ်တယ်ဆိုတာ ပိုက်ဆံရှာပြီး
ပျော်ဖို့။
ဒါကို အတားအဆီးဖြစ်နိုင်တာတွေ
အကုန်ဖယ်ရှားနိုင်အောင်လုပ်တယ်။
အမြဲလည်ပတ်ဖို့ အဓိကကျတဲ့အရာတွေပဲလုပ်တယ်။
Courage is grace under pressure လို့
Ernest Hemingway ကဆိုတယ်။
သတ္တိလိုတယ်။
မကြိုက်တာ မကြိုက်ဘူးပြောဖို့။
No ပြောရဲဖို့လိုတယ်။
အဆင်မပြေတာတွေလွတ်ချနိုင်ဖို့လိုတယ်။
Uncommit: Win Big by cutting your losses တဲ့။
နောက်တစ်ခုကတော့ editing လုပ်တာ။
Hollywood movie တွေမှာလို
Best Picture Award ရဖို့အတွက်ဆို
နောက်ကွယ်က တီးဖြတ်ရေးကလဲ
အရေးကြီးတယ်။
တီးဖြတ်ရေး စကာတင်ပါတဲ့
ဇာတ်ကားတွေကပဲ အကောင်းဆုံးရုပ်ရင်ကားဆုရကြတာ။
ကိုယ့်ဘဝမှာလဲ အလားတူပဲ။
မလိုတဲ့အပိုင်းတွေကို edit လုပ်
ဖယ်ထုတ်ရှင်းနိုင်ဖို့လိုတယ်။
ပိုအရေးကြီးတာ အကန့်ထားဖို့လိုတယ်။
စာရေးဆရာကတော့ ကိုးရီးယားက
အမျိုးသမီးတစ်ယောက်က
သူ့အလုပ်တွေကိုအမြန်ပြီးအောင်
အကောင်းဆုံးလုပ်ပြီး
သူ့မင်္ဂလာပွဲကို အေးဆေးကျင်းပဖို့လုပ်တယ်။
အလုပ်တွေပြီးတာတွေ့တော့
အရမ်းသဘောကျပြီး မန်နေဂျာကပြန်ခိုင်းတယ်။
ဒီတော့ အဲ့အမျိုးသမီးက “no” လို့
ပြန်ပြောတယ်။
ဘဝမှာ ဒီလို boundaries အကန့်တွေထားဖို့လိုတယ်။
အရေးကြီးတာကို အရာပေးဖို့
ကိုယ့်ဘဝရဲ့ most important tasks တွေကို
ရွေးထုတ်ပြီး အလုပ်လုပ်ဖို့လိုတယ်။
မထင်မှတ်ထားတဲ့အရာတွေအတွက်
ကြိုတင်ပြင်ဆင်ဖို့လိုတယ်။
Training တွေကို တစ်လ ရက် ၂၀ လောက်
မရပ်မနားသင်နေရတော့
ငါခြေထောက်တော်တော်နာပြီး
တခုခုဖြစ်သွားခဲ့ရင် သို့
ငါ အခုလုပ်နေတဲ့အလုပ်ကို စိတ်ပါတော့ရင်
ဆိုတဲ့ အတွေးနဲ့
သင်သမျှတွေကို video ရိုက်ထားတယ်။
Toe Tet Online Learning ဖြစ်လာတယ်။
နောက် Covid-19 ဖြစ်တယ်။
အဆိုးတွေကို ကြိုတင်စဥ်းစားပြီး
ကြိုတင်ပြင်ဆင်ထားမှုအရေးကြီးတယ်။
ဘဝမှာ အရေးမပါတာတွေကို
တဖြည်းဖြည်းနှုတ်သွားဖို့အရေးကြီးတယ်။
ဖြေးဖြေးမှန်မှန်နဲ့တိုးတက်သွားဖို့
small win လေးတွေအရေးကြီးတယ်။
လူတွေကို ပျော်စေတာတိုးတက်မှု။
နေ့စဥ် ဘဝကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ
routine လေးတွေဖန်တီးထားဖို့လိုတယ်။
အတိတ်ကိုတွေးပြီး စိတ်ညစ်နေတာကိုဖယ်ပြီး
အခုအချိန်မှာ ဘာအရေးကြီးလဲ
“what’s important now?” ကိုမေးပြီးသာ
အဖြေရှာကြည့်။
Minor activity တွေမှာ major သွားမလုပ်နဲ့။
Busy ဖြစ်တိုင်းကောင်းတာမဟုတ်ဘူး။
လုပ်ငန်းရှင်ကြီးတွေအများစုကလဲ
တကယ် busy ဖြစ်နေကြတာမဟုတ်ဘူး။
Mark Cuban တို့လို billionaire တွေရဲ့
နေ့စဥ်ဖြတ်သန်းမှုကြည့်ကြည့်။
ဘတ်စကတ်ဘောလေးဆော့လိုက်။
Email လေးစစ်လိုက်။
ကလေးတွေနဲ့ ညစာစားလိုက်။
စာဖတ်လိုက်နဲ့ပဲ။
အဲ့ဒီ level ရောက်ဖို့
အရေးမကြီးတဲ့ အရာတွေကို
အရာမပေးနဲ့။
အရေးအကြီးဆုံးအရာတွေ
အထိပ်ဆုံး ၁၀% ကိုပဲအားထည့်
ပိုးစိုးပက်စက်လုပ်။
Busyness နဲ့ Business မတူဘူးဆိုတာ
ကြားဖူးမှာပါ။
စာကတော့အရှည်ကြီးဖြစ်သွားလားမသိဘူး
အားတီအားမေတို့။
Bank 2.0 စာအုပ်ဖတ်မယ်လုပ်ရင်း
အာသီတပြောင်းသွားတာနဲ့
Essentialism စာအုပ်ဖတ်ပြီး
note အကြမ်းလေးထုတ်လိုက်တယ်။
Phyo Paing @ Derek